သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-13
အကျဉ်းသား ၆၀၀၀ကျော် ထပ်မံလွှတ်ပေးတာဟာ ကြိုဆိုစရာဖြစ်ပေမယ့် ဘယ်သူတွေကို လွှတ်မယ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ဘယ်နှစ်ဦးပါဝင်မယ် စသဖြင့် ပြည်သူတွေ သိထားသင့်တဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်း ကြိုတင် အသိပေးတာမျိုး မရှိတဲ့အပြင် လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသား ပမာဏ အထူး နည်းပါးတာကြောင့်လည်း အစိုးရကို လေ့လာသူတွေက ပြစ်တင် ဝေဖန်လိုက်ကြ ပါတယ်။
2011-10-13
မြန်မာနိုင်ငံရဲ့ အနာဂတ်အရေး အတွက် လူငယ်တွေကို အားထားကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-10-13
ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း SSA အဖွဲ့ နာယက နဲ့ ရှမ်းပြည် အတိုင်ပင်ခံကောင်စီ SSPC အဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်ချုပ် ဆေထင်ဟာ စစ်တွေထောင်ကနေ မနေ့က လွတ်မြောက်လာခဲ့ပေမယ့် ဒီကနေ့ ရန်ကုန်မှာပဲ ရှိနေပြီး လေယာဉ်မရှိတဲ့အတွက် မိသားစုရှိရာ လားရှိုးမြို့ကို မလာနိုင်သေးဘူးလို့ သမီးဖြစ်သူ မနန်းခမ်းဖောင်းက ပြောပါတယ်။
2011-10-13
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က တခြား အကျဉ်းသားတွေနဲ့အတူ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွတ်မြောက်လာပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေထဲက RFA လွတ်လပ်တဲ့ အာရှအသံက ဆက်သွယ်မေးမြန်းခွင့်ရခဲ့သူတွေရဲ့ ပြောပြချက်တွေကို နားဆင်နိုင်ပါတယ်။
2011-10-13
အောက်တိုဘာ (၁၂) ရက် မနေ့က မြစ်ကြီးနား အကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ စွယ်စုံရ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာက အကျဉ်းထောင်တွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် တထောင်ဝင် တထောင်ထွက် ထောင်ဝင်စာ လိုက်ပို့မယ့် အစီအစဉ်ကို မကြာခင်မှာ စတင်တော့မယ်လို့ RFA နဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုလိုက်ပါတယ်။
2011-10-13
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အပြည့်အ၀ ထောက်ခံတယ်လို့ ကျိုင်းတုံထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
2011-10-13
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား အမြောက်အများ ထောင်ထဲမှာ ကျန်ရှိနေသေးတာကြောင့် ဦးသိန်းစိန် အစိုးရဟာ အပြောနဲ့အလုပ် မညီဘူးလို့ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်က မနေ့က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသူ မစုစုနွေးက ဝေဖန် ပြောဆိုလိုက် ပါတယ်။
2011-10-12
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပါတယ်။
2011-10-12
နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုထားတဲ့ အတိုင်း သမ္မတဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြောပါတယ်။
2011-10-12
ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက် ပါတယ်။
2011-10-12
မြန်မာနိုင်ငံက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူ နိုင်ငံရေးအကျဉ်းသားတချို့ သာ လွတ်မြောက်လာတာနဲ့ ပတ်သက် ပြီး စိတ်ပျက်ရကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW က RFA ကို ဒီကနေ့ ပြောကြားပါတယ်။
2011-10-12
သမ္မတဦးသိန်းစိန်ရဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အရ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ပါဝင်တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) က သတင်းထုတ်ပြန်ပါတယ်။
2011-10-12
၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့ ၅ လ အကြာမှာ လွတ်လာခဲ့ပါပြီ။ ကိုဇာဂနာ ကျန်းမာရေး အတော်ကောင်းမွန်နေသလို ပြင်ပမှာ ရှိနေစဉ်အတိုင်း အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသနှောပြီး ဖြေခဲ့ပါတယ်။
2011-10-11
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ (၁၂) ရက်နေ့ကစပြီး (၁၇) ရက်နေ့ထိ နေအိမ်မှာ တရားအားထုတ်ဖို့ စီစဉ် ထားတယ်လို့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
2011-10-11
ဒီတခေါက် သမ္မတ ဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိူးသမီး Victoria Nuland က မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။