ဒေါ်အောင်ဆန်းစုကြည် ငါးရက်ကြာ တရားစခန်းဝင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ (၁၂) ရက်နေ့ကစပြီး (၁၇) ရက်နေ့ထိ နေအိမ်မှာ တရားအားထုတ်ဖို့ စီစဉ် ထားတယ်လို့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။

2011.10.11
assk_donate_monk_305_z.png ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည် (အလယ်) သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ငါးရက်အတွင်း ပုံမှန်အလုပ်တွေကို ရပ်နားထားမယ် ဆိုပေမဲ့ ဒီကနေ့ကျင်းပတဲ့ အန်အယ်လ်ဒီရဲ့ သက်ကြီး ပူဇော်ပွဲနဲ့ ရခိုင် အမျိူးသားနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လေးနက်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပြီး၊ ဘဝမှာ ခက်ခဲ ကြမ်းတမ်းတဲ့ အရာတွေကို ကျော်ဖြတ်တဲ့ နေရာမှာ ဗုဒ္ဓရဲ့လမ်းညွန်ချက်တွေ အတိုင်း ကျင့်ကြံခဲ့တယ်လို့ နိုင်ငံတကာ ဟောပြောပွဲ တစ်ခုမှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။