နိုင်ငံရေးအကျဉ်းသား လွတ်လာတာနည်းပါး

အကျဉ်းသား ၆၀၀၀ကျော် ထပ်မံလွှတ်ပေးတာဟာ ကြိုဆိုစရာဖြစ်ပေမယ့် ဘယ်သူတွေကို လွှတ်မယ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ဘယ်နှစ်ဦးပါဝင်မယ် စသဖြင့် ပြည်သူတွေ သိထားသင့်တဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်း ကြိုတင် အသိပေးတာမျိုး မရှိတဲ့အပြင် လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသား ပမာဏ အထူး နည်းပါးတာကြောင့်လည်း အစိုးရကို လေ့လာသူတွေက ပြစ်တင် ဝေဖန်လိုက်ကြ ပါတယ်။

2011.10.13

ဒါ့ပြင် ပွင့်လင်းမြင်သာတဲ့ စနစ်ကို အကောင်အထည် ဖော်နေတယ်ဆိုတဲ့ အစိုးရရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့ လုပ်ရပ်နဲ့ ဆန့်ကျင်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် ဦဓမ္မသီရိ၊ ရခိုင် တိုင်းရင်းသား ခေါင်းဆောင် CRPP အတွင်းရေးမှူး ဦးအေးသာအောင်နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဥပဒေ အကြံပေး အဖွဲ့ ခေါင်းဆောင် ရဲမှူးကြီးဟောင်း ဦးစစ်အေးတို့ရဲ့အမြင်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ စုစည်းတင်ပြထားတာ နားဆင်နိုင်ကြပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။