သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-23
ဒီဇင်ဘာလ ၂၃ ရက်နေ့ည မေးပါရစေဦး အစီအစဉ် မှာ " ရှစ်လေးလုံး ပါတီအကြောင်း" ဆိုတဲ့ ခေါင်း စဉ်အောက်မှာ ဦးရဲနိုင်အောင် ( ပါတီဖြစ်မြောက်ရေး ကော်မတီ ) က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-12-23
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စု ဟော်နားကျေးရွာအစပ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ဟော်နားကျေးရွာက ဒေသခံတွေဟာ ရွာနဲ့တစ်မိုင်လောက်အကွာက နားဟိုင်းဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။
2017-12-23
အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-12-23
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အခြေအနေနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Chief Operating Officer စီမံခန့်ခွဲမှုအရာရှိချုပ် Mr. Reg Chua ကို RFA အဖွဲ့သား ဦးဝင်းနိုင်က ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံမေးမြန်းထားပါတယ်။
2017-12-23
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီးက မိုင်းယုကျေးရွာမှာ ဒီနေ့ ညနေက လက်နက်ကြီးကျရောက်တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မူဆယ်မြို့မ ရဲစခန်းက ဒုရဲမှူး အေးမြင့်က ပြောပါတယ်။
2017-12-23
လာမယ့် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ကို ဆွေးနွေး အတည်ပြုသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။
2017-12-23
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာမှာ ကျင်းပပြုလုပ်မယ့် ဆဌမအကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို မွန်နိုင်ငံရေးပါတီတွေကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
2017-12-23
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို မနက်ဖြန်မှာ ကျင်းပဖို့ ပြင်ဆင်နေတာကို တပ်မတော်က လာရောက် တားမြစ်နေတယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ဒီနေ့ ပြောပါတယ်။
2017-12-23
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်ဆာလုံကျေးရွာအုပ်စု၊ ဟော်နားကျေးရွာနားမှာ အစိုးရတပ်မတော်က မနေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာကြောင့် ဒေသခံ ၃၅၀ လောက်ဟာ နားဟိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။
2017-12-23
ရှမ်းပြည်နယ် မန်တုံမြို့က အမှတ် ၁၃၀ ခြေလျင်တပ်ရင်းဧရိယာ ပတ်လည် ၅ မိုင်အတွင်း မိုင်းတွေထောင်ထားပြီး ဒေသခံတွေရဲ့ သွားလာခွင့်တွေကို ကန့်သတ်လိုက်တဲ့အတွက် တပ်ရင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းမယ်လို့ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက ဒီနေ့ ပြောပါတယ်။
2017-12-23
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍဟာ အဓိကအခြေခံဖြစ်တယ် လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားခဲ့ပါတယ်။
2017-12-23
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဝင် ၄ ယောက် သတ်ဖြတ်ခံရတဲ့ကိစ္စကို နိုင်ငံတကာ ဥပဒေပညာရှင်တွေပါဝင်တဲ့ ခုံရုံးဖွဲ့စည်းကာ စစ်ဆေးစီရင်ပြီး ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်ဖို့ KNPP က ဒီဇင်ဘာလ ၂၂ ရက် မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2017-12-22
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန္ဒပြသူတွေ ဖွင့်လှစ်ထားတဲ့ မိုးကြိုးပြင်အလယ်ရွာ သပိတ်စခန်းကို ဒီနေ့မနက်က မီးရှို့ဖျက်စီးခံလိုက်ရပါတယ်။
2017-12-22
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတောကားလမ်းမပေါ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ကင်းလှည့်စခန်းတစ်ခုကို လွိုင်ကော်မြို့နယ်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ တပ်မတော်သားတချို့က ဒီဇင်ဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KNPP တပ်ဖွဲ့ဝင် ၄ ယောက်အသတ်ခံရကာ သူတို့နဲ့အတူရှိနေတဲ့ ရွာသားတစ်ယောက်လည်း ပျောက်ဆုံးနေတယ်လို့ KNPP က ပြောပါတယ်။
2017-12-22
ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဌာနအသီးသီးက ပညာရေးဝန်ထမ်းတွေကို ပြည်ပခရီးစဉ်တွေမှာ နာမည်တပ်ဖိတ်ကြားတာမျိုးရှိလာရင် ခရီးစဉ်ကို ခွင့်မပြုတော့ဘူးလို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။