KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတဲ့အကြောင်း ဆက်သွယ်မေးမြန်းချက်


2017.12.22

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတောကားလမ်းမပေါ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ကင်းလှည့်စခန်းတစ်ခုကို လွိုင်ကော်မြို့နယ်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ တပ်မတော်သားတချို့က ဒီဇင်ဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KNPP တပ်ဖွဲ့ဝင် ၄ ယောက်အသတ်ခံရကာ သူတို့နဲ့အတူရှိနေတဲ့ ရွာသားတစ်ယောက်လည်း ပျောက်ဆုံးနေတယ်လို့ KNPP က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ၊ လွှတ်တော်နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံးတွေကို အကြောင်းကြားထားတယ်လို့ KNPP ပါတီအတွင်းရေးမှူး (၂) ဦးဒယ်နီယယ်လ် ကပြောပါတယ်။

ဦးဒယ်နီယယ်လ်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။