သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-22
ဒီလ(၂၄)ရက်နေမှာ စတင်တော့မယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက ထိပ်သီးခေါင်းဆောင်တွေရဲ့ လိုင်ဇာမြို့ဆွေးနွေးပွဲကနေ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင် လိမ့်မယ်လို့ အများက ယူဆနေကြပါတယ်။
2014-07-22
အမေရိကန်သမ္မတဟောင်း မစ္စတာဘုရှ်ရဲ့ လူငယ်ခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီလူ့အဖွဲ့ အစည်း ထူထောင်မှုဆိုင်ရာ သင်တန်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် တက်ရောက်ခွင့်ရခဲ့ပါတယ်။
2014-07-22
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နဲ့ ပင်လောင်းမြို့နယ် မှာရှိတဲ့ ကျေးရွာတချို့က ခြံမြေတွေကို မင်းအနော်ရထာကုမ္ပဏီက အထက်ဘီးလူးချောင်းရေအားလျှပ်စစ် စက်ရုံတည်ဆောက် ဖို့ သိမ်းယူခဲ့ ပါတယ်။
2014-07-22
ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာအလုပ်လုပ်ကိုင်သူတွေများလာတာကြောင့် လယ်ယာစိုက် ပျိုးရေးလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါး မှုပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
2014-07-22
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က ‘သိမ့်’ ခန်းမမှာ ၃ရက်ကြာကျင်းပမယ့် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ အလုပ် ရုံဆွေးနွေးပွဲကို ကလေးခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်မပြု တဲ့အတွက် တစ်ရက်ကျင်းပပြီးမှ ဆွေးနွေးပွဲကို ရပ်ဆိုင်း လိုက်ရတယ်လို့ သိရပါတယ်။
2014-07-22
ငွေကျပ် သိန်းတစ်ရာအောက် တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်နိုင်ဖို့ ပြည်ထောင်စုအစိုးရကို တင်ပြပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောပါ တယ်။
2014-07-22
အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၃ ဦးနဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ M.D.C.F က ရန်ကုန်တိုင်း တာဝန်ခံ ကိုနောင်နောင်တို့ကို ပန်းဘဲတန်းမြို့နယ် တရား ရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-07-22
ကချင်ပြည်နယ်ကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့မှာ ဗန်းမော်မြို့က စစ်ဘေးဒုက္ခသည်စခန်း ၃ ခုနဲ့ ဗန်းမော် အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။
2014-07-22
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုနဲ့ နေပြည်တော် ဒက္ခိဏသီရိ ခရိုင်တရားရုံးက ဒီနေ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
2014-07-22
နိုင်ငံရေးပါတီတွေ ထောက်ပြကန့်ကွက်နေ တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်ကို လတ်တလောမှာ ပြင်ဆင်ဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ပြောပါတယ်။
2014-07-22
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေနဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ယူနတီသတင်း ဂျာနယ်က သတင်းထောက် ၄ ဦးရဲ့ အယူခံ လျှောက်ထား တာကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်ရုံးက မနေ့က လက်ခံလိုက်ပါတယ်။
2014-07-22
ပထမဆုံးအကြိမ် မြန်မာတစ်နိုင်ငံလုံး ဆိုင်ရာ မီဒီယာညီလာခံကို ဒီလ မကုန်ခင်ကျင်းပဖို့ မြန်မာ ဂျာနယ်လစ် ကွန်ရက်က စီစဉ်နေပါတယ်။
2014-07-21
ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့၊ ပြည်၊ မုံရွာ၊ မကွေး၊ ပြင်ဦးလွင်မြို့ အပါအဝင် မြို့ကြီးတော်တော်များများမှာ ကျင်းပခဲ့ကြပါတယ်။
2014-07-21
ဇူလိုင်လ ၁၉ ရက်နေ့က ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန် ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ရာမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2014-07-21
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ဖော်ထုတ်ပွဲကို မကွေးတိုင်း မင်းဘူးမြို့မှာ ဇူလိုင်လ ၁၉ က ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ ထားပါတယ်။