လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကချင်စစ်ဘေး ဒုက္ခသည်စခန်းတွေ သွားရောက်


2014.07.22
yanghee-lee-305 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ Yanghee Lee ဟာ ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးကို လာရောက်စဉ်
Photo: Myo Zaw Ko/RFA္စ

ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့မှာ ဗန်းမော်မြို့က စစ်ဘေးဒုက္ခသည် စခန်း ၃ ခုနဲ့ ဗန်းမော်အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။

သူ့အနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ပြန် လည်နေရာချထားရေးကိစ္စတွေကို အလေးထားမေးမြန်း ခဲ့တယ်လို့ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့် က ပြောပါတယ်။

"IDP နဲ့ ပတ်သက်ပြီး သူက ကျနော့်ကိုမေး တာပေါ့နော်၊ ကျနော်က သူတို့ပြန်ချင်တဲ့ဆန္ဒရှိတယ်ဆို ရင် ပြန်နိုင်အောင်လုပ်ပေးပါ့မယ်လို့၊ စခန်းမှာ ဒုက္ခသည်တွေကို ကူညီပေးပါတယ်၊ လူမျိုးပေါင်းစုံပေ့ါ၊ ရှမ်းဒုက္ခသည်စခန်းလည်းသွားတယ်၊ ဗမာနဲ့ ကချင်နဲ့ရောနေတဲ့ ဒုက္ခသည်စခန်းလည်းသွားတယ်၊ အပြန်မှာ ဗန်းမော်အကျဉ်းထောင်လည်းသွားတယ်"

Ms Yanghee Lee ဟာ မနေ့က မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ဝိုင်းမော်မြို့ သာဂရ သရက်တောဘုန်းတော်ကြီးကျောင်းက စစ်ဘေးဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာဖြစ်ပြီး သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။