သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ မြေလျော်ကြေးငွေ မယူထားတဲ့တောင် သူ ၆၀ ကျော်က ဒီနှစ်ထွန်ယက်စိုက်ပျိုးခွင့်ရဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီထံ တောင်းဆိုထားပါတယ်။
2015-05-24
တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ UWSA ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း UWSA က RFA ကို ပြောပါတယ်။
2015-05-24
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက် မှတ်ရေးထိုးပွဲမှာ ကိုးကန့်၊ ပလောင်နဲ့ ရခိုင့် တပ်မတော် အဖွဲ့တွေကို ချန်ထားခဲ့မယ်ဆို ရင် မိမိတို့အနေနဲ့ NCCT ခေါ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကနေ နှုတ်ထွက်ဖို့ အထိ ဆွေးနွေးသွားမယ်လို့ TNLA ပလောင် လွတ်မြောက်ရေးအဖွဲ့က ပြောပါတယ်။
2015-05-24
ရခိုင်အမျိုးသားပါတီကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်များနေတာကြောင့် ပါတီဗဟိုကော်မတီကနေ ဆုံးဖြတ်ချက် မပေးနိုင်ဘဲ မြို့နယ်အလိုက် မဲစနစ်နဲ့ စတင်ရွေးချယ်နေပါတယ်။
2015-05-24
အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီကို ဦးတည်သွားကြတဲ့ လှေစီးဒုက္ခသည်တွေဟာ လူမှောင်ခိုကူးသူတွေကတစ်ဆင့် သွားရောက်ကြ တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ က လှေစီးဒုက္ခသည်တွေက ပြောကြပါတယ်။
2015-05-24
ရခိုင်အမျိုးသားပါတီကနေ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်များနေတာကြောင့် မြို့နယ်အလိုက် မဲစနစ်နဲ့ ရသေ့တောင်မြို့နယ်ကနေ စတင်ရွေး ချယ်နေပါတယ်။
2015-05-24
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ခွင့်မရဘူးဆိုရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိုနှိုင်းရေးအဖွဲ့NCCT ကနေ အဖွဲ့ဝင်အဖြစ် နှုတ်ထွက်ဖို့အထိ ဆွေးနွေးသွားမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
2015-05-23
မြန်မာအစိုးရနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား အခု သီတင်းပတ်တွေမှာ ပေါ်ထွက်လာတဲ့ လှေစီးဒုက္ခသည် များအရေးနဲ့ ပတ်သက်ပြီး ၁၉၉၀ ပြည့် ရွေးကောက် ပွဲ က ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ တင့်ဆွေနဲ့ AHRC အာရှလူ့အခွင့် အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးတို့နဲ့အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-05-23
ထောက်ခံချက်တွေလိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ဒီနေ့ ကျင်းပဖို့ စီစဉ်ထား တဲ့ မေတ္တာတရားနဲ့ နိုင်ငံတော် ဆွေးနွေးပွဲကို မြို့နယ် အုပ်ချုပ်ရုံးက ခွင့်မပြုဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
2015-05-23
စစ်တပ်ကသိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ ကြာသပတေးနေ့က ကိုယ့်ကိုကိုယ်မီးရှို့ ဆန္ဒပြတောင်းဆိုပြီးနောက် တောင်ကြီးဆေးရုံမှာ သောကြာနေ့က ကွယ်လွန်သွားတဲ့ တောင်ကြီးမြို့နယ် ရေပူရွာ က တောင်သူဦးမြင့်အောင်ရဲ့ ရုပ်အလောင်းကို မနေ့က သြင်္ဂိုဟ်လိုက်ပြီလို့ သိရပါတယ်။
2015-05-23
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဝန်ကြီး ချုပ်ဖြစ် သူတွေကို နိုင်ငံတော်သမ္မတက အမည်စာရင်း ပေး သွင်းသူကို ဝန်ကြီးချုပ် ခန့်အပ်တာမျိုးမဟုတ်ပဲ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသ ကြီး အသီးသီးမှာ အများဆုံးအနိုင်ရတဲ့ ပါတီက ပါတီ ဝင်တွေကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုကြကြောင်း တိုင်းရင်းသား ပါတီပေါင်း ၂၁ ပါတီနဲ့ဖွဲ့ထားတဲ့ ညီနောင် တိုင်းရင်းသား ဖက်ဒရေးရှင်းပါတီ ဆွေးနွေးပွဲက သဘော ထားရှိကြပါတယ်။
2015-05-23
အလွတ်သတင်းထောက် ကိုပါကြီးသေဆုံး မှုကို တပ်မတော်စစ်ခုံရုံးက ဆုံးဖြတ် ချက်ပေးလိုက်တာဟာ တရားမျှတမှု မရှိတာကြောင့် ပြန်လည်စိစစ်ဆောင်ရွက်ပေးဖို့ ဇနီးဖြစ်သူ မသန္တာက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မနေ့က နေ့စွဲနဲ့ ကန့်ကွက်အသနားခံစာ ရေးသားပေးပို့လိုက်ပါတယ်။
2015-05-23
အရှေ့တောင်အာရှ ပင်လယ်ပြင်ထဲ က ရွှေ့ပြောင်းလှေစီး ဒုက္ခသည်အများစု ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလာသူတွေဖြစ်တယ်လို့ ယုံကြည်ကြောင်း အင်ဒိုနိးရှားနိုင်ငံက ပြောဆိုတယ်လို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ပြောပါတယ်။
2015-05-23
ရခိုင်ပြည်နယ် မောင်တောမြို့ အနီး မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းမိခဲ့တဲ့ စက်လှေပေါ်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ရွှေ့ပြောင်းဒုက္ခသည် ၂ဝဝ ကျော်ကို လာမယ့် နှစ်ရက် အတွင်း မူလနိုင်ငံ ပြန်ပို့နိုင်လိမ့်မယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
2015-05-23
လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက်ပါတယ်။