တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ရေး UWSA လက်မှတ်ထိုးမှာမဟုတ်


2015.05.24
wa_and_army_305px.jpg လုံခြုံရေးယူနေသော ဝတပ်မတော်မှ စစ်သားများ ကို တွေ့ရစဉ်
(Photo: AFP)

တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ UWSA ဝပြည် သွေးစည်းညီ ညွတ်ရေးအဖွဲ့ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း UWSA က RFA ကို ပြောပါတယ်။

အခုလို လက်မှတ်ရေးထိုးပွဲမှာ မပါဝင်ဘူးဆိုတာဟာ ငြိမ်းချမ်းရေးကို မလိုလားလို့ မဟုတ်ဘဲ အစိုးရတပ် ဖွဲ့တွေနဲ့ UWSA ကြား ပဋိပက္ခတွေ မရှိလို့ ဖြစ်တယ်လို့ UWSA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြော ပါတယ်။

"UWSA အနေနဲ့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းမှာ ၂၆ နှစ်တောင်ရှိနေပြီ၊ ဘာမှပစ်ခတ်တိုက်ခတ်မှုတွေ ရှိတာမဟုတ်ဘူး၊ ဒါကြောင့်မို့လို ကျနော်တို့တော့ မထိုးတော့ဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်ပြီးတော့ပါဝင်ကြမယ်ဆိုပြီးတော့ ဒီလိုဆွေးနွေးတာတွေ၊ ပြောဆို ကြတာတွေ ဒါအစောကြီးထဲကပြောနေတာပါ"

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ပိုင်းခေါင်းဆောင်များကိုလည်း တင်ပြပြီးဖြစ်တယ်လို့ ဆိုပါတယ်။  အလားတူ UWSA အနေနဲ့ လာမဲ့ ဇွန်လ ၂ ရက်နေ့မှာ စတင် ကျင်းပမယ့် တိုင်းရင်းသား အဖွဲ့တွေရဲ့လော်ခီးလာ   ညီလာခံကို လည်း တက်ရောက်မှာ မဟုတ်ဘူးလို့ ဦးအောင်မြင့် က ပြောပါတယ်။

၅ရက်ကြာကျင်းပမယ့် လော်ခီးလာညီလာခံဟာ အဖွဲ့ ၁၆ ဖွဲ့ပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT ရဲ့သီးသန့် အစည်းအဝေးဖြစ် တာကြောင့် NCCT အဖွဲ့ဝင်မဟုတ်တဲ့ UWSA အနေနဲ့ အစည်းအဝေး မတက်ရောက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဒီအစည်းအဝေးကို UWSA အနေ နဲ့ ဂရုတစိုက်စောင့်ကြည့်နေပြီး အစည်းအဝေးက ဆုံးဖြတ်မယ့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို ထောက်ခံဆောင်ရွက်သွားမယ်လို့ RFA လဲပြောပါတယ်။

UWSA ဦးအောင်မြင့်ကို ဦးတင်အောင်ခိုင်  ဆက်သွယ်မေးမြန်းထားတာ  နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။