လူဦးရေ ဥပဒေကြမ်း သမ္မတ အတည်ပြု ပြဌာန်း


2015.05.23

လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက် ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မျိုးစောင့် ဥပဒေလို့ခေါ်ကြတဲ့ ဥပဒေကြမ်းလေးခုဟာ နိုင်ငံတွင်း မှာ ပဋိပက္ခတွေ ပိုပြီးဆိုးရွားသွားစေနိုင်တဲ့ အန္တရာယ်ရှိကြောင်း ပြောကြားခဲ့သလို ၊ ပြည်တွင်း ပြည်ပက လေ့လာသူတွေက လည်း ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနေ့ မေလ ၂၃ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ အဲ့ဒီဥပဒေကို အတည်ပြုပြဌာန်း လိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။