သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-24
ဂျပန်နိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးစုတွေက အမျိုးသား ညီညွတ်ရေး အစိုးရ NUGကို ထောက်ခံပြီး စစ်အာဏာသိမ်းတာကို ကန့်ကွက် ကြောင်းကို မနေ့က တိုကျိုမြို့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ မြန်မာနိင်ငံသားတွေနဲ့ အတူ ဂျပန်နိုင်ငံသားတွေပါဝင်ပြီး ဆန္ဒပြသူတွေကို လမ်းဘေးက ဂျပန်နိုင်ငံသားတွေက လက်သုံးချောင်းထောင်ပြီး အားပေးခဲ့ကြပါတယ်။
2021-04-24
ဆန္ဒပြ အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ရှင်းရှင်းလင်းလင်း တုန့်ပြန်ခဲ့တာမရှိဘူးလို့ ရိုက်တာသတင်းက ဖော်ပြလိုက်ပါတယ်။
2021-04-24
မြန်မာ့အရေး အာဆီယံ အရေးပေါ် အစည်းအဝေးကနေ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့ အပါအဝင် ဘုံသဘောတူညီချက် ငါးချက်ကို ထုတ်ပြန်လိုက်ပါတယ်။
2021-04-24
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လုံးခင်း၊ ဆပ်မူ စတဲ့ မှော်ပေါင်းစုံ ပါဝင်တဲ့ သပိတ်စစ်ကြောင်းနဲ့ မရှီကထောင် သပိတ်စစ်ကြောင်းတို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဧပြီ ၂၄ ရက်၊ ဒီနေ့မနက်က ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
2021-04-24
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထံကနေ သင်တန်းဆင်းလာတယ်လို့ စွပ်စွဲချက်နဲ့ ခေါင်လန်ဖူးဒေသကနေ ပူတာအိုဒေသကို သွားရောက်တဲ့ ရဝမ်လူငယ် ခြောက်ဦးကို စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်အဖွဲ့က ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးထားတယ်လို့ ကချင်ပြည်နယ် အခြေစိုက် ရဝမ်တိုင်းရင်းသား ပညာရေးဖောင်ဒေးရှင်းအဖွဲ့က ဒီနေ့ ပြောပါတယ်။
2021-04-24
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ မြန်မာ့အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံက အရေးပေါ် အစည်းအဝေး ကျင်းပနေချိန်မှာပဲ အာဏာသိမ်း မြန်မာစစ်ကောင်စီကို အကာအကွယ်မပေးဖို့ ရန်ကုန်၊ မန္တလေး အပါအဝင် နေရာတော်တာ်များများမှာ တောင်းဆိုဆန္ဒပြကြပါတယ်။
2021-04-24
မုံရွာမြို့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့အတူ ပြည်သူ ၃၈ ဦးကို လူသတ်မှု၊ နိုင်ငံမငြိမ်သက်အောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ဧပြီလ ၂၃ ရက် မနေ့က မုံရွာခရိုင်တရားရုံးမှာ စစ်ကောင်စီက တရားစွဲဆိုလိုက်ပါတယ်။
2021-04-24
ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်မြို့က ဧပြီလ ၂၄ ရက်နေ့ ဗိုလ်ချုပ်ပန်းခြံရှေ့မှာ လူမဲ့သပိတ် ပြုလုပ်ခဲ့ပြီး သပိတ်ကို ဦးဆောင်တဲ့ အမျိုးသားမီး လေးဦးနဲ့ အမျိုးသား နှစ်ဦး စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
2021-04-24
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၅ နဲ့ ၆၄ ကြား၊ ၁၀၇ နဲ့ ၁၀၈ လမ်းကြားမှာ ဒီကနေ့ မနက် ၁၀ နာရီလောက်က တာယာတွေကို မီးရှို့တဲ့ လူငယ် တစ်ယောက်ကို စစ်ကောင်စီက သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်ခဲ့ပြီး မလှုပ်နိုင်တော့တဲ့အချိန်မှာ ကားပေါ် ဆွဲတင်သွားတယ်လို့ မျက်မြင် တွေ့ရှိသူတစ်ယောက်က ပြောပါတယ်။
2021-04-24
မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ စစ်ကြောင်းတစ်ခု မဟာအောင်မြေမြို့နယ်၊ သန်လျပ်မှော် အရှေ့ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေရဲ့ဖြိုခွင်းတာ ခံလိုက်ရပြီး တစ်ဦး ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
2021-04-23
ချင်းပြည်နယ် ဟားခါးမြို့က ဝန်ကြီးအိမ်ရာမှာ ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက ရဲနဲ့စစ်သား စကားများရန်ဖြစ်ရာကနေ အချင်းချင်း ပစ်ခတ်လို့ စစ်သားနှစ်ဦး သေဆုံးပြီး ရဲတစ်ဦး ပေါင်မှာဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-04-23
ဒီတပတ် RFA စကားဝိုင်းအစီအစဉ်မှာ “မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ အာဆီယံရဲ့အခန်းကဏ္ဍ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2021-04-23
အာဆီယံအသင်းဝင်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ပြဿနာကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စနေနေ့ကျင်းပမယ့် အာဆီယံအရေးပေါ် အစည်းအဝေးက ဘယ်လောက် ဖြေရှင်းနိုင်မလဲဆိုတာ စမ်းသပ်မှုတခု ဖြစ်လာနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုတွေအောက်မှာ အာဆီယံရဲ့မူဝါဒတွေကို ကျော်လွန်ပြီး ဘယ် လောက်လုပ်နိုင်မလဲဆိုတဲ့ စိန်ခေါ်မှုတွေကလည်း ရှိနေတာပါ။
2021-04-23
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာ့အရေး အာဆီယံညီလာခံ ကျင်းပတဲ့နေရာမှာ ကန့်ကွက်မှုတွေ ရှိတဲ့ကြားက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အမတ်တွေအများစု ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင်တွေကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။
2021-04-23
စစ်ကောင်စီက ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်နဲ့ကျောင်းပေါင်းစုံကို ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေကို နည်းမျိုးစုံနဲ့ ဖိအားပေးနေပါတယ်။ ဆရာ ဆရာမအများစုကတော့ စစ်တပ်အုပ်ချုပ်မှုအောက်မှာ သူတို့ ကျောင်းပြန်တက်မှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပြီး ဒီလှုပ်ရှားမှုကို ထောက်ခံနေသူတွေကလည်း ဆရာ ဆရာမတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ကူညီနေကြပါတယ်။