မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ အာဆီယံရဲ့အခန်းကဏ္ဍ
2021.04.23
ဒီတပတ် RFA စကားဝိုင်းအစီအစဉ်မှာ “မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ အာဆီယံရဲ့အခန်းကဏ္ဍ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။ အာဆီယံဟာ ကုန်သွယ်ရေးကိုအဓိကထား ဦးတည်ဖွဲ့စည်းထားပြီး၊ အဖွဲ့အစည်းထဲမှာလည်း အာဏာရှင်တစ်ပိုင်းနိုင်ငံတွေ ရှိနေသေးတဲ့အတွက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ မျှော်လင့်အားကိုးစရာဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ဆွေးနွေးသုံးသပ်ကြပါတယ်။
ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေကတော့ စာရေးဆရာ သန်းစိုးနိုင် (မြန်မာ့အရေးလေ့လာသုံးသပ်သူ) နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းတို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်ထုတ်လွှင့်ထားပါတယ်။