သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-15
မြန်မာနိုင်ငံရဲ့ ကျား/မ ခွဲခြားဆက်ဆံပုံဟာ ဂျပန်မှာလောက် မဆိုးဘူးလို့ ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။
2013-04-15
ရခိုင်ပြည်နယ် ငပလီကမ်းခြေမှာ စစ်တပ်တိုးချဲ့ဖို့အတွက်ဆိုပြီး သိမ်းယူသွားခဲ့တဲ့မြေတွေကို ဟိုတယ်ဇုံလုပ်ငန်းကို ပြန်လည်ငှားရမ်းလိုက်တဲ့အတွက် အသိမ်းခံမြေတွေ ပြန်လည်ရရှိရေး ဆောင်ရွက်နေတယ်လို့ နာရေးကူညီမူ အသင်းဥက္ကဌ ဦးကျော်သူက ပြောပါတယ်။
2013-04-15
တရုတ် မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒီနှစ်သြင်္ကန်ပွဲကို ခါတိုင်းနှစ်တွေနဲ့မတူပဲ စည်စည်ကားကား ကျင်းပနေတယ် လို့ လိုင်ဇာမြို့တော်ဝန်က ဒီနေ့မှာပြောပါတယ်။
2013-04-15
တ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့က သူတို့သံချပ်လိုက်လံဖျော်ဖြေရာကရရှိတဲ့ အလှူငွေတွေကို ဒုက္ခသည်စခန်းတွေနဲ့ လူမှုရေး လုပ်ငန်းတွေကို အကူအညီပေးမယ်လို့ ဒီနေ့မှာပြောပါတယ်။
2013-04-15
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အားကောင်း လာမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျိုတိုမြို့မှာ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံ စဉ် ပြောကြားလိုက်ပါတယ်။
2013-04-15
ဒီမိုကရေစီစနစ်ဆိုတာ မတူတဲ့သဘောထား အမြင်တွေကို လေးစားလက်ခံတဲ့ စနစ် ဖြစ်တာကြောင့် လူ့အသိုင်းအဝိုင်းက မတူကွဲပြားတဲ့အမြင်တွေကို လက်ခံနိုင်ပြီး ညှိနှိုင်းဆွေးနွေးတဲ့ယဉ်ကျေးမှု ထွန်းကား လာအောင် မြန်မာနိုင်ငံသားတိုင်း ကြိုးစားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာပြောလိုက်ပါတယ်။
2013-04-14
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့OIC က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ တနင်္ဂနွေနေ့က မြန်မာအစိုးရကို ပန်ကြား လိုက်သလို အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ဖွဲ့စေလွှတ် ဖို့ လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တောင်းဆိုလိုက်ပါ တယ်။
2013-04-14
ဒီနှစ် ရန်ကုန် အတာသြင်္ကန်ဟာ အာဏာပိုင်တွေ ဆော်သြ တိုက်တွန်းထားသလို ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းတဲ့သြင်္ကန် ဖြစ်မလာပဲ၊ ခါတိုင်းနှစ်တွေလိုပဲ အသောက်အစားတွေနဲ့ ပျော်ပါး ကြတဲ့ သြင်္ကန်ပဲဖြစ်နေတယ်လို့ စာပေနဲ့ အနုပညာ ရှင်တချို့က မြင်ကြပါတယ်။
2013-04-14
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ မန္တလေးမြို့မ တီးဝိုင်းနဲ့ လူရွှင်တော် ပါပါလေးတို့အဖွဲ့တွေရဲ့ မဟာသြင်္ကန် ပါဝင်ဆင်နွဲနေကြပုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-04-14
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တုံရွာမှာ ဒေသခံတွေ စုပေါင်းပါဝင်ထားတဲ့ "လက်ပံတောင်းဘ၀ လက်ပံတောင်းအလှ" ရေသဘင်မဏ္ဍပ်ရဲ့ ဒီကနေ့ လှုပ်ရှားမှုအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံ ကိုဝင်းမင်းအောင်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။
2013-04-14
ဒီနှစ်သြင်္ကန်ကာလမှာ မြန်မာပြည်သူတွေ အနေနဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဖော်ဆောင်တဲ့ ပြည်တွင်း၊ ပြည်ပ အကြမ်းဖက် အဖျက်လုပ်ရပ်တွေကို သတိထားကာကွယ်သွားကြဖို့ အတွက် သမ္မတဦးသိန်းစိန်က ဒီကနေ့ ရေဒီယိုမိန့်ခွန်းမှာ အခုလို တိုက်တွန်းပြောကြားလိုက်ပါတယ်။
2013-04-14
ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံ ကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ကျိုတိုမြို့က အသေးစား ရေအား လျှပ်စစ်စက်ရုံတစ်ခုကို သွားရောက်လေ့လာ ခဲ့ပါတယ်။
2013-04-13
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖေါ်လုပ်ဆောင်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီ တို့ကို မုန်းတီးလို့မဟုတ်ပဲ၊ ဒေသတွင်းငြိမ်းချမ်းရေးအတွက် သာ စီမံကိန်းဖျက်သိမ်းပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း လက်ပံတောင်းဒေသ သြင်္ကန်သံချပ်အဖွဲ့တွေက ဒီကနေ့ သြင်္ကန်အကြိုနေ့မှာ ဟစ်ကြွေးသီဆိုခဲ့ကြပါတယ်။
2013-04-13
မြန်မာနိုင်ငံသားတွေ ညီညွှတ်ကြဖို့နဲ့ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။
2013-04-12
မိတ္ထီလာအဓိကရုဏ်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ မူဆလင်တွေနဲ့ ရခိုင်ပြည် နယ်က ရိုဟင်ဂျာ မူဆလင်တွေအတွက် အစိုးရက ပြန် လည်နေရာချထားပေးဖို့ အမေရိကန်မှာနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေက နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်ရှေ့နဲ့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မနေ့က တောင်းဆိုဆန္ဒပြကြပါတယ်။