ညီညွှတ်ရေးနဲ့ စည်းကမ်းရှိရေး အရေးကြီးကြောင်း ဒေါ်အောင် ဆန်းစုကြည် မှာကြား
2013.04.13

မြန်မာနိုင်ငံသားတွေ ညီညွှတ်ကြဖို့နဲ့ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။
နော်ဝေ၊ ဗြိတိန်၊ အမေရိကန်စတဲ့ နိုင်ငံခြားခရီးစဉ် တိုင်းမှာ သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး မေးမြန်း တာတွေကို ဖြေကြားလေ့ရှိပါတယ်။ ဒီနေ့ တိုကျိုမြို့က တွေ့ဆုံပွဲမှာ ညီညွှတ်ရေးနဲ့ စည်းကမ်း ရှိကြဖို့ အရေးကြီးကြောင်း အဓိကထား တိုက်တွန်းပြော ကြားခဲ့တာပါ။
မြန်မာနိုင်ငံသားတွေ မညီညွှတ်ခြင်းရဲ့ အကြောင်းရင်းဟာ မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့လည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
တခြားနိုင်ငံခရီးစဉ်တွေနည်းတူ ညီညွှတ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလေ့ရှိသလို တိုကျိုတွေ့ဆုံပွဲမှာလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ကျေးဇူးကိုသိကြဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား Naruhito အပြင် ဝန်ကြီးချုပ် Shinzo Abe နဲ့လည်းတွေ့ဆုံမှာဖြစ်သလို တိုကျိုနဲ့ ကျိုတိုမြို့တွေက တက္ကသိုလ်တွေမှာလည်း မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာ ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေထဲက တချို့ကို RFA ဝိုင်းတော်သူ ဒေါ်စန်းစန်းတင်က ကောက်နှုတ်တင်ပြထားပါတယ်။