ဒုက္ခသည်တွေ ပြန်လည်နေရာ ချထားရေး အမေရိကန်မှာ အစ္စလာမ်ဘာသာဝင်တွေ ဆန္ဒပြ


2013.04.12
rohingya-305 အမေရိကန်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်ရှေ့နဲ့ မြန်မာကောင်စစ် ဝန်ရုံးရှေ့မှာ ဧပြီ ၃ ရက်နေ့က ဆန္ဒပြနေကြစဉ်
Photo: RFA

မိတ္ထီလာ အဓိကရုဏ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ မူဆလင်တွေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မူဆလင်တွေအတွက် အစိုးရကပြန်လည်နေရာချထားပေးဖို့ အမေရိကန်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေက နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်ရှေ့နဲ့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မနေ့က တောင်းဆိုဆန္ဒပြကြပါတယ်။

အကြမ်းဖက်မှုတွေကိုတားဆီးဖို့ အစိုးရရဲ့ပျက်ကွက်မှုကို ကန့်ကွက်ရှုံ့ချကြောင်းနဲ့ လက်ရှိအိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အကူအညီပေးဖို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကို Yulsef ဆိုသူက RFA  ကို ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာမူဆလင် နိုင်ငံသားအခွင့်အရေးအဖွဲ့ ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့နဲ့ တသီးပုဂ္ဂလ ၂ဝဝ နီးပါးပါဝင်တယ်လို့လည်း ကိုယူစွပ်ကပြောပါတယ်။

ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ကိုယူစွပ်နဲ့ RFA ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။