သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-22
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစီမံကိန်းရဲ့ လူနဲ့သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ပညာပေးသင်တန်းတစ်ရပ် ဟောပြောဆွေးနွေးခဲ့ကြရာမှာ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ်ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
2014-03-22
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ) ပယ်ဖျက်ပေးရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေး တို့အတွက် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရာချီရှိတဲ့ ဒေသခံတွေ စုပေါင်းပြီး လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-03-22
လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အမျိုးသားဒီမို ကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖားကန့် မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
2014-03-22
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ အနီးမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ အတွင်းက အဓမ္မ ပြောင်းရွှေ့ ခံခဲ့ရတဲ့ ကျေးရွာ ၂ ရွာက ရွာသားတွေ ဟာ မူလရွာတွေမှာ ပြန်လည်နေထိုင်လိုတဲ့ အတွက် နိုင်ငံတော် သမ္မတနဲ့ သက်ဆိုင်ရာ ဌာနတွေကို စာရေးသားတောင်းဆို ထားတယ်လို့ ပြောပါတယ်။
2014-03-22
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းနဲ့ ပင်လုံညီလာခံလိုမျိုး ညီလာခံတစ်ရပ်ခေါ်ယူပေးဖို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-03-22
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါသလို အကျိုးမပြုတဲ့ အပိုင်း တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့မိုးကုတ်မြို့ လူထုနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
2014-03-22
မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ အပူချိန်လွန်ကဲပြီး ခရမ်းလွန်ရောင်ခြည် ဖြစ်ပေါ်မှုများနေတဲ့အတွက် နေ့လည်ခင်းအချိန်တွေ အပြင်ထွက်တာတွေကို ဖြစ်နိုင်ရင်ရှောင်ကြဖို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးထားပါတယ်။ အခုလို အပူချိန်လွန်ကဲနေပေမယ့် ရန်ကုန်မြို့တွင်းမှာ နေထိုင်သူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် အပြင်ကို မထွက်မဖြစ်ထွက်နေရပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-03-22
အစိုးရဝန်ထမ်းတွေကို လာမယ့် ဧပြီလကစပြီး လစာငွေ ကျပ် ၂ သောင်းစီ တိုးပေးဖို့လျာထားတဲ့ ၂ဝ၁၄-၂ဝ၁၅ ဘတ်ဂျက် ဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဝင်းရှိန်က ဒီကနေ့ တင်သွင်းရာမှာ ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-03-22
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်းမှာ စစ်ပြေးဒုက္ခသည် ရှမ်းတိုင်းရင်းသားတွေ စုပေါင်းပြီး ရိုးရာရှင်ပြုအလှူပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-03-22
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပနေတဲ့ "အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်း ညီလာခံ" နဲ့ "အာဆီယံ ပြည်သူ့ဖိုရမ်" ကို အာဆီယံ ဒေသတွင်းနိုင်ငံတွေက ရာနဲ့ချီတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
2014-03-22
ရခိုင်ပြည်နယ်က စစ်တွေနဲ့ မောင်တောနယ်တွေ မှာ ပြည်သူ့ဆန္ဒကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြုရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ်ဝေတဲ့ Dhaka Tribune သတင်းစာပါဆောင်းပါးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ သံတမန်ရေးအရ ကန့်ကွက်သွားမယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
2014-03-21
အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ Fortune စီးပွားရေး မဂ္ဂဇင်းကြီးရဲ့ ၂ဝ၁၄ ခုနှစ် အတွက် ရွေးချယ်ထုတ်ပြန်တဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ၅ဝ စာရင်းမှာ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၆ ဦးမြောက်ပုဂ္ဂိုလ် အဖြစ် ဖော်ပြလိုက်ပါတယ်။
2014-03-21
ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးတို့အတွက် ဆောင်ရွက်နေတဲ့ သီးခြားလွတ်လပ်တဲ့ ကမ္ဘာ့ရပ်မိရပ်ဖများ The Elders အဖွဲ့ ခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံကို မတ်လ ၂၄ ရက်က ၂၈ ရက်ထိ လာရောက်မယ်လို့ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2014-03-21
မြန်မာနိုင်ငံမှာ ပြည်သူလူထုကို အခြေခံတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ် လာဖို့နဲ့ ပြည်သူတွေအကြား ဘာသာရေး၊ လူမျိုးရေး အတူယှဉ်တွဲ နားလည်နေထိုင်နိုင်ဖို့ လုပ်ငန်းတွေအတွက် လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၉ သိန်းနီးပါး လျှောက်ထားနိုင်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာပါတယ်။
2014-03-21
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ ကျေးလက်ဒေသ ဖွံံ့ဖြိုးရေးနဲ့ ပညာရေး ကဏ္ဍတွေ မြန်မာကျပ်ငွေ ဘီလီယံ ၆ ထောင်ကျော်သုံးစွဲဖို့ လျာထားတယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဋ္ဌာနက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ပြောလိုက်ပါတယ်။