ခရမ်းလွန်ရောင်ခြည်နဲ့ ရန်ကုန်မြို့
2014.03.22
မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ အပူချိန်လွန်ကဲပြီး ခရမ်းလွန်ရောင်ခြည် ဖြစ်ပေါ်မှုများနေတဲ့အတွက် နေ့လည်ခင်းအချိန်တွေ အပြင်ထွက်တာတွေကို ဖြစ်နိုင်ရင်ရှောင်ကြဖို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးထားပါတယ်။ အခုလို အပူချိန်လွန်ကဲနေပေမယ့် ရန်ကုန်မြို့တွင်းမှာ နေထိုင်သူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် အပြင်ကို မထွက်မဖြစ်ထွက်နေရပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။