သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-22
ရှမ်းပြည်နယ် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်း မှာ ကုန်စည်ပြန်လည် စီးဆင်းနိုင်ဖို့အတွက် ပြည် နယ်အစိုးရ၊ ရဲတပ်ဖွဲ့နဲ့အစိုးရတပ်တို့ပူးပေါင်းဆောင် ရွက်ပြီး လမ်းကြောင်းရှင်းလင်းရေးတွေ ဆောင် ရွက်နေတယ်လို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
2016-11-22
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အဖွဲ့ MDCF က အဖွဲ့ဝင် ၅၀ လောက်ဟာ ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ အနီးကနေ ကျောက်တံတားမြို့နယ် တရားရုံးအထိ လမ်းလျှောက်တောင်းဆို ခဲ့ကြပါတယ်။
2016-11-22
ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိရေးအတွက် ရခိုင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် က စစ်တွေကနေ ကျောက်ဖြူမြို့အထိ ခရီးရှည်လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲကို ဒီနေ့ မနက်က စတင်လိုက်ပါတယ်။
2016-11-22
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ အကြား စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
2016-11-22
ကချင်ပြည်နယ် အစိုးရအဖွဲ့က ဝိုင်းမော်မြို့နယ်အတွင်း စက်မှုဇုန် အကောင်အထည်ဖော်ဖို့ မြေနေရာ ရွေးချယ်နေ ပါတယ်။
2016-11-21
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်း အကြမ်းဖက်သမားတွေ နောက်ထပ်မကျူးကျော်နိုင်စေရေး အတွက် အစိုးရအနေနဲ့ စီမံချက်တွေချမှတ်ပေးဖို့ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ဒီနေ့ကျင်းပတဲ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။
2016-11-21
ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ ကုန်စည်ပြန်လည်စီးဆင်းနိုင်ဖို့အတွက် ပြည်နယ်အစိုးရ၊ ရဲတပ်ဖွဲ့ နဲ့ အစိုးရတပ်တို့ ပူးပေါင်းဆောင်ရွက်ပြီး လမ်းကြောင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
2016-11-21
မြန်မာ ဓါတ်ပြားလောကမှာ ထင်ရှားကျော် ကြားခဲ့တဲ့ အဆိုတော် ဟင်္သာတထွန်းရင် ဟာ နိုဝင်ဘာလ ၂၁ ရက် နေ့က ရန်ကုန် မြို့က နေအိမ်မှာ အဆုတ် ကင်ဆာဝေဒနာနဲ့ ကွယ်လွန်သွား ခဲ့ပါတယ်။
2016-11-21
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် မြန်မာနယ်စပ် မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ တခြားဒေသတွေမှာလည်း အလားတူ တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ကြောင်းနဲ့ ဒီအခြေအနေတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကို ထိခိုက်မှုရှိနေပြီလို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်၊၊
2016-11-21
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် လွယ်အင်ကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်လာတဲ့ လူမှုကူညီရေး အသင်းယာဉ်တွေကို ဟိုနောင်ရွာအဝင်မှာ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2016-11-21
ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သယံ ဇာတတွေနဲ့ မြေယာတွေကို ရခိုင်ပြည် သူတွေ ပိုင်ဆိုင်ခွင့်၊ အကျိုးခံစားခွင့်နဲ့ ကိုယ်တိုင်စီမံခန့်ခွဲ ပိုင်ခွင့်ရရှိရေးအတွက် ရခိုင့်သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်အဖွဲ့ဝင် ၆၀ လောက်က စစ်တွေမြို့ကနေ ကျောက်ဖြူမြို့အထိ လမ်းလျှောက်ချီတက် လှုပ်ရှားမှုကို ဒီနေ့ စတင်လိုက်ပါတယ်။
2016-11-21
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ နေရာလေးခုမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မူဆယ်မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာသူ ၂ ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။
2016-11-21
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ခရီးသွားလာမှုတွေ ကို ယာယီရပ်ဆိုင်းထားဖို့နဲ့ ဒေသခံတွေ ဘေးလွတ် ရာကို ပြောင်းရွှေ့နေထိုင်ကြဖို့ KIA၊ AA၊ TNLA နဲ့ MNDAA အဖွဲ့တွေပူးပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုအဖွဲ့က ဒီနေ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2016-11-20
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း၊ ကြူကုတ်(ပန်ဆိုင်း)နဲ့ ကွတ်ခိုင်မြို့နယ်တွေက အစိုးရ တပ်စခန်းတွေကို KIA/KIO၊ တအာင်းပလောင် TNLA စတဲ့ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဟာ လက်ရှိ အစိုးရ သွားနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဖျက်လိုဖျက်ဆီးလုပ်ရာကျတယ် လို့ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2016-11-20
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် နဲ့ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ စက်ရုံပေါင်း ၂၀ ကျော်က အလုပ်သမား ၂ ထောင်နီးပါးဟာ တစ်ရက် အနည်းဆုံးလုပ်ခ ၅၆၀၀ ကျပ် ရရှိဖို့ လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။