သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနဲ့ မေးမြန်းချက်
2016.11.20
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း၊ ကြူကုတ်(ပန်ဆိုင်း)နဲ့ ကွတ်ခိုင်မြို့နယ်တွေက အစိုးရ တပ်စခန်းတွေကို KIA/KIO၊ တအာင်းပလောင် TNLA စတဲ့ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဟာ လက်ရှိ အစိုးရသွားနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဖျက်လိုဖျက်ဆီးလုပ်ရာကျတယ်လို့ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဦးဇော်ဌေးကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။