အဆိုတော် ဟင်္သာတထွန်းရင် ကွယ်လွန်


2016.11.21
hinthata-tunyin-620.jpg နိုဝင်ဘာလ ၂၁ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ဟင်္သာတထွန်းရင်ကို တွေ့ရစဉ်
.

မြန်မာ ဓါတ်ပြားလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ အဆိုတော် ဟင်္သာတထွန်းရင် ဟာ နိုဝင်ဘာလ ၂၁ ရက် နေ့က ရန်ကုန်မြို့က နေအိမ်မှာ အဆုတ် ကင်ဆာဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်သူ အဆိုတော် တွံတေးသိန်းတန်လိုပဲ ဟင်္သာတထွန်းရင် ရဲ့ တေးသီချင်းတွေဟာ မြန်မာနိုင်ငံ တနံတလျားက ကျေးလက်ဒေသတွေမှာ လူကြိုက်များ ဆဲဖြစ်ပါတယ်။ အမေနဲ့ရွာကိုလွမ်းတယ်၊ စာဥ စတဲ့ တေးသီချင်းတွေဟာ ထင်ရှားပါတယ်။

အဆိုတော် ဟင်္သာတ ထွန်းရင်ရဲ့ ဈာပနကို နိုဝင်ဘာ ၂၃ ရက်၊ ရေဝေးသုဿန်မှာ ဂူသွင်းသဂြိုဟ်မှာ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး၊ ဇနီးဖြစ်သူ ဒေါ်စီစီစိန်နဲ့ သားသမီး ၅ ဦး ကျန်ရစ်ပါတယ်။

ဇနီးဖြစ်သူ ဒေါ်စီစီစိန် ဟာ ဇာတ်မင်းသားကြီး ဦးစိန်အောင်မင်းရဲ့ သမီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။