သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-19
ဇန်နဝါရီ ၁၉ ရက် မနေ့က ကျင်းပတဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုက်တွန်းလိုက်တာဖြစ်ပြီး ဒီရိုဟင်ဂျာဒုက္ခသည်တွေ ဒုတိယလ ၃ လပါတ်အတွင်း နေရပ်ပြန်ဖို့ကိုလည်း မြန်မာဘက်က သဘောတူညီခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကတော့ လတ်တလော နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
2021-01-19
ကလေးမြို့နယ်ထဲက လူဦးရေ ၃၀၀ လောက်ရှိတဲ့ အေးသာယာစိုက်ခင်းကျေးရွာမှာ အသွားအလာ ကန့်သတ်ထားတဲ့အတွက် ရွာသားတွေ သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။
2021-01-19
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လာလို့မရအောင် ခြိမ်းခြောက်တားဆီးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖော်ထုတ်တားဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။
2021-01-19
အမှုမှန် မပေါ်ပေါက်သေးတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားရာနေရာနဲ့ အနီးနားမှာရှိနေခဲ့တဲ့ တပ်မတော်မှာ တာဝန်ရှိတာကြောင့် တပ်မတော်အနေနဲ့ အမှုမှန် ပေါ်ပေါက်ရေးတာဝန်ယူ ဆောင်ရွက်ပေးဖို့ ကချင်အမျိုးသမီး (၂၈) ဖွဲ့ပူးပေါင်းပြီး ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2021-01-19
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် ပကော်ခီးကျေးရွာထဲကို တပ်မတော်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဒီကနေ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ KNU သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
2021-01-19
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုကို တပ်မတော်ကို မဟုတ်မမှန် စွပ်စွဲတိုင်ကြားထား တာကြောင့် တရားစွဲထားတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောပါတယ်။
2021-01-19
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာကနေက ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည် စခန်းကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တစ်ရာကျော်ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
2021-01-19
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စက်မှုလက်မှုအထက်တန်းကျောင်း GTI ရှေ့မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဒီနေ့ မနက်က လူ ၁၀ ယောက်ကျော် ဆန္ဒပြခဲ့ပါတယ်။
2021-01-19
မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်နဲ့ ကရင်ပြည်နယ်နှစ်ခုမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် နေရာ ၁၂ ခု အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။
2021-01-19
ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ဆူးလေ ရှန်ဂီလာဟိုတယ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ၉ လကြာ ယာယီ ပိတ်မယ်လို့ ပြီးခဲ့တဲ့တပတ်က ကြေညာလိုက် ပါတယ်။ ဒီဟိုတယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ် ၁၉ ကပ်ဘေးကာလ အတွင်း ယာယီပိတ်ထားရတဲ့ ဟိုတယ်အလုံးရေ ၁၀၀၀ ခန့် ရှိပါတယ်။
2021-01-19
၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲ ဝင်လာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာ စုစုပေါင်း ၃၀၇ ဦးရှိတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ စာရင်းအရ သိရပါတယ်။
2021-01-19
လူမှုဖူလုံရေးကြေးနဲ့ လုပ်အားခအပြည့်ရဖို့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ ဒီနေ့လယ်က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို လာမယ့် ဇန်နဝါရီ ၂၆ ရက်နေ့မှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်အားလုံးပေးမယ်လို့ BYMA Myanmar ဆောက်လုပ်ရေးကုမ္ပဏီက ဒီညနေမှာ ပြောလိုက်ပါတယ်။
2021-01-19
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အောက်ခပေါ်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က မိုင်းနင်းပြီးဒဏ်ရာရခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စံမေဟာ မနေ့က စစ်တွေဆေးရုံမှာ သေဆုံးသွားပါတယ်။
2021-01-18
ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ လိုလားကြောင်း မလေးရှားနိုင်ငံရောက် ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းက အဖွဲ့အစည်းအချို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2021-01-18
ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းက ဘူဖတ်ရဲစခန်းမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံနေရတဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲအရာရှိတဦးက အဓမ္မပြုကျင့်ခဲ့မှုနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့ တရားရုံးမှာ စစ်ချက်ယူဖို့ကိစ္စကို တရားရုံးက ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။