တပ်မတော်ကို မဟုတ်မမှန် စွပ်စွဲခဲ့လို့ ဖားကန့်အမတ်ကို အမှုဖွင့်ထားတာလို့ပြော

2021.01.19
တပ်မတော်ကို မဟုတ်မမှန် စွပ်စွဲခဲ့လို့ ဖားကန့်အမတ်ကို အမှုဖွင့်ထားတာလို့ပြော ဖားကန့်မြို့နယ် တရားရုံးကို တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုကို တပ်မတော်ကို မဟုတ်မမှန် စွပ်စွဲတိုင်ကြားထားတာကြောင့် တရားစွဲထားတာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဖားကန့်မြို့နယ်မှာ တပ်ကဖမ်းဆီးခဲ့တဲ့ ကားတွေဟာ နယ်လုံဝန်ကြီးနဲ့ တိုင်းမှူး ခွင့်ပြုချက်နဲ့ ရောက်ရှိနေတဲ့ကားတွေဖြစ်ကြောင်း မဟုတ်မမှန် တိုင်ကြားထားတာဟာ တပ်မတော် ဂုဏ်သိက္ခာညိုးနွမ်းစေတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၀ နဲ့ တရားစွဲထားတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်နေ့က ဗိုလ်မှူးကြီး သန်းထိုက်ဆိုသူက ဖားကန့်မြို့နယ် တရားရုံးမှာ ဦးတိုက်တရားစွဲခဲ့တာပါ။

ဇန်နဝါရီ ၁၈ ရက်နေ့မနေ့ က ရုံးချိန်းမှာတော့ တရားရုံးက အမှုကို ၆ လအတွင်း အပြီးသတ်စစ်ဆေးမယ်လို့ ပြောလိုက်ပြီး လာမယ့် ၂၉ ရက်နေ့မှာ တရားလိုဘက်ကို စတင်စစ်ဆေးသွားဖို့ ချိန်းဆိုထားတယ်လို့ တရားစွဲခံရတဲ့ ဦးခင်မောင်မြင့်ရဲ့ အကျိုးဆောင်တရား လွတ်တော်ရှေ့နေ ဦးသန်းထွန်းက ပြောပါတယ်။

NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဖားကန့်မြို့နယ် ဟောင်းပါကျေးရွာ အုပ်စုအတွင်း၂၀၁၇ ခု နှစ် နိုဝင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့တဲ့ မြေသယ်ယာဉ်များ၊ ယန္တရားစက်ကြီးများ ဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတထံ တင်ပြခဲ့မှုမှာ တပ်မ တော် အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်စေရန် မဟုတ်မမှန် တင်ပြခဲ့မှုတွေရှိခဲ့တာကြောင့် ဆိုပြီး ဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ် ရုံးချိန်းကို ဇန်နဝါရီ ၈ ရက်နေ့က ချိန်းဆိုခဲ့ပြီး အစွပ်စွဲခံရသူ အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုကို တရားသူကြီးက အာမခံပေးလိုက်ပါတယ်။

တရားစွဲခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ဟာ လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စား လှယ် တာဝန်ထမ်းဆောင်နေသည့်အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရရှိထားသူဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ အရ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ်နှစ်နှစ်အထိ အများဆုံးကျခံ ရနိုင်သလို ငွေဒဏ်လည်းကျခံရနိုင်ပါတယ်။ ဒဏ်နှစ်ရပ်လုံးလည်း ကျခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။