သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-25
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က မီးလောင်ပျက်စီး သွားတဲ့ မြို့မဈေးကြီးကို ပြန်လည် တည်ဆောက်ပေးဖို့အတွက် ဈေးသူ ဈေးသား ၂ဝဝ လောက် က ဒီနေ့ တောင်ငူမြို့နယ် စည်ပင်ရုံးရှေ့မှာ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2016-01-25
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ နေပြည်တော်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာရှိတဲ့ ဘုရင့်နောင်ဧည့်ရိပ်သာမှာ သီးသန့်တေ့ွဆုံခဲ့ပါတယ်။
2016-01-25
လက်ပံတန်းကျောင်းသားသပိတ် အကြမ်း ဖက်ဖြိုခွဲခံရပြီး လက်ရှိသာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရဆဲ ကျောင်းသူ ကျောင်း သားတွေဟာ ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘူးလို့ ကျောင်းသူ ကျောင်း သားတွေရဲ့ ကျန်းမာရေးအခြေအနေကို သုတေသနပြုစုထား တဲ့ အဖွဲ့ သုံးဖွဲ့က စာတမ်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-01-24
ဒုတိယအကြိမ်မြောက် တိုင်းရင်းသားလူငယ် များ နှီးနှောဖလှယ်ပွဲကို ကယားပြည်နယ် လွိုင်ကော် မြို့က Kayah Resort ဟော်တယ်မှာ ဒီကနေ့စတင် ကျင်းပနေပါတယ်။
2016-01-24
တိုင်းရင်းသားပြည်နယ်တွေမှာ သဘာဝသယံဇာတနဲ့ အခွန်အခခွဲဝေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို UNA ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ နေပြည်တော် Royal lotus ဟိုတယ်မှာ မနေ့ကနေ ဒီနေ့အထိ ဆွေးနွေးခဲ့ကြပါတယ်။
2016-01-24
ပုံမှန်မဟုတ်တဲ့ ကမ္ဘာ့ရာသီဥတု ရဲ့ ပြောင်းလဲခြင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ဆင်းရဲတဲ့ မိမိတို့ မြန်မာနိုင်ငံဟာ ခံစားနေရပြီး ရာသီဥတုပြောင်းလဲမှုကြောင့် အထိခိုက်ခံ ရမှုတွေမှာ ဒုတိယမြောက် အဆိုးဝါးဆုံး နိုင်ငံဖြစ်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း က ပြောကြားလိုက်ပါတယ်။
2016-01-24
မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့ရှိ ပန်ဒါ ချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်ရှင်က အလုပ်သမားတွေကို အလုပ် ထုတ်နေတာတွေ ဆက်မလုပ်ဖို့ ဝန်ထမ်း ၆၀၀ ကျော် ဒီနေ့ ပုလိပ်မြို့မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2016-01-24
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံ သား နှစ်ဦးအသတ်ခံရမှုနဲ့ သေဒဏ်အမိန့်ချ မှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော် လင်းတို့ နှစ်ဦး အယူခံဝင်ချိန်ကာလမှာ ဆန္ဒပြတောင်း ဆိုမှုတွေ မလုပ်ကြဖို့ အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ သံဃာ့ နာယကအဖွဲ့တွေက သတိပေးတားမြစ်တာတွေ ရှိတယ်လို့ သိရပါတယ်။
2016-01-24
တိုင်းရင်းသားပြည်နယ်တွေမှာ သယံ ဇာတနဲ့ အခွန်အခခွဲဝေရေးဆိုင်ရာ အလုပ် ရုံ ဆွေးနွေးပွဲကို UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တွေ ဟာ နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ဆွေးနွေးခဲ့ ကြပါတယ်။
2016-01-24
ဒုတိယအကြိမ်မြောက် တိုင်းရင်းသား လူငယ်များ နှီးနှောဖလှယ်ပွဲကို ကယားပြည် နယ် လွိုင်ကော်မြို့ Kayah Resort ဟော် တယ်မှာ ဒီကနေ့စတင်ကျင်းပနေပါတယ်။
2016-01-24
အပစ်ခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2016-01-24
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းဖွဲ့စည်းဖို့ ရှေ့နေ ၁၀၀ ကျော်ဟာ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ဒီနေ့ထိ နေပြည်တော်က Kempinski ဟိုတယ် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-01-24
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မနေ့ကညပိုင်းက နမ့်ဆန်မြို့ ပေါ်က မင်္ဂလာရပ်ကွက်က အိမ်နှစ်လုံးပေါ်ကို လက်နက်ကြီး ကျည်ဆံတွေ ကျရောက်ခဲ့လို့ လူ ၃ ဦး ဒဏ်ရာရခဲ့ကြပါတယ်။
2016-01-24
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့အလံပုံစံကို ပြောင်းမပေးပါက မတရားအသင်း အဖြစ်သတ်မှတ်မယ် လို့ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင် အကြောင်း ကြားခဲ့တာကြောင့် ပါတီရဲ့ အလံပုံစံကို ပြောင်းလဲခဲ့ရတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် က ပြောပါတယ်။
2016-01-24
အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမှာ စနေနေ့က ဆီးနှင်းမုန်တိုင်းကြီးကျလာတဲ့ အချိန်မျိုး၊ သဘာဝဘေး အန္တရာယ်ဆိုးတွေ ပေါ်ပေါက် လာချိန်မျိုးတွေမှာကြိုတင် ကာကွယ်ရေး အစီအစဉ်တွေ ဘယ်လိုလုပ်ဆောင်ကြတယ် ဘယ်လောက်အရေးကြီးတယ်ဆိုတာတွေ ကို မြန်မာ့ဒီမိုကရေစီအရေးဦးစိုက်လှုပ်ရှားခဲ့ကြ တဲ့ ဒေါက်တာတင့်ဆွေနဲ့ ဦးတင်မောင်သော်၊ ဘားမားတူဒေး သတင်းအယ်ဒီတာ ဦးမြင့်လှိုင်တို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။