တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ
2016.01.25

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာရှိတဲ့ ဘုရင့်နောင်ဧည့်ရိပ်သာမှာ သီးသန့်တေ့ွဆုံ ခဲ့ပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ ရွေးကောက်ပွဲလွန်ကာလ အသွင်ကူူးပြောင်းရေး တည်ငြိမ်အေးချမ်းရေး၊ လွှတ်တော်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ အစိုးရသစ်ဖွဲ့စည်းရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့ဘွတ်စ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် နဲ့ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂ ရက်နေ့က သီးခြားစီတွေ့ဆုံခဲ့ပါတယ်။