ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် MPC မီဒီယာအဖွဲ့နဲ့ တွေ့ဆုံ
2016.01.24

အပစ်ခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်မှာရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင်နောင်ခန်းမမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး(၂) ဦးကျော်စွာမင်းက ပြောပါတယ်။
"NCA ကိုလက်မှတ်ထိုးချင်တယ်ဆိုအရင်ဆုံး အပစ်အခတ်ရပ်စဲရေးကိုလုပ်မှပဲ NCA မှာပါဝင်ပတ်သက်လို့ရမယ်၊ လက်နက်ကိုင်တာလည်းအကျိုးမရှိဘူး၊ လက်နက် ကိုင်တာကို စွန့်လွှတ်ပြီးမှ NCA ဘက်ကို လုပ်လို့ရမှာပါ"
တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို လိုလားတာကြောင့် အစိုးရသစ်လက်ထက် မှာ ငြိမ်းချမ်းရေး အတွက်ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို KNU ကရင်အမျိုးသား အစည်းအရုံး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့တို့က လက်မှတ်ရေးထိုးထားပြီး ရခိုင်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ကိုးကန့်တပ်မတော် MNDAA အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့က လက်မှတ်ထိုးဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို သတင်းမီဒီယာကောင်စီဥက္ကဌ ဦးဖိုးသောကြာ၊ အတွင်းရေးမှူး ဦးသီဟစော၊ ဦးကျော်စွာမင်း အစရှိတဲ့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၄ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သတင်းမီဒီယာကောင်စီက အတွင်းရေးမှူး ဦးသီဟစောကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်၊