သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-30
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ကြေးနီစီမံကိန်း တိုးချဲ့လုပ်ကွက်အဖြစ် ကြေးနီနဲ့ ဆက်စပ်သတ္တုများ စမ်းသပ်တိုင်းတာရေးလုပ်ငန်း ခွင့်ပြုခဲ့တာကို တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။
2019-09-29
နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။
2019-09-28
လာမယ့် အောက်တိုဘာမှာ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ပဏာမအပစ်ရပ်စာချုပ် bilateral လက်မှတ်ရေးထိုးရေး တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
2019-09-27
ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ မလေးရှား ဝန်ကြီးချုပ် ဒေါက်တာ မဟတ်သီယာ မိုဟာမက်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး ပြောကြားထားတာတွေကို အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။
2019-09-27
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဖမ်းဆီးခံနေရတဲ့ လက္ကာကျေးရွာသား ၁၆ ဦးကို အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားရုံးက ထပ်မံပြီး တရားစွဲဆိုလိုက်ပါတယ်။
2019-09-26
TNLA, AA နဲ့ MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ အစိုးရ၊ တပ်မတော်တို့နဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ စက်တင်ဘာလထဲမှာ ၂ ကြိမ်တွေ့ဆုံခဲ့ကြပေမယ့် တပ်နေရာချထားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရကြသေးပါဘူး။
2019-09-26
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း မိတ်ဆက်ပွဲအခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို လေဆာပွိုင့်နဲ့ အထိုးခံခဲ့ရတာပါ။
2019-09-25
မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ ကမ္ဘာကြီးကို ပိုပူနွေးစေတဲ့ ဓာတ်ငွေ့တွေ အများဆုံး ထုတ်လွှင့်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒီလိုနဲ့ ရာသီဥတုပြောင်းလဲသွားတဲ့အတွက် ပင်လယ်ရေမျက်နှာပြင် အတက်ခံမလား၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချမလား ရွေးချယ်ရမယ့် အနေအထား ရောက်နေပါပြီ။
2019-09-24
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကထက် ပိုမိုအနိုင်ရအောင် ကြိုးစားသွားမယ်လို့ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောပါတယ်။
2019-09-24
မန်းဒေသခံတွေကို ဒေါပွစေခဲ့တဲ့ တရုတ်သံရုံးထုတ် China Today မဂ္ဂဇင်းမျက်နှာဖုံးမှာ မန္တလေးကျုံးကို တရုတ်နန်းတော်မြို့ရိုးပုံနဲ့ သရုပ်ဖော်ခဲ့တာကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နေပြည်တော်ကို တိုင်ကြားလိုက်ပါတယ်။
2019-09-23
မြန်မာနိုင်ငံမှာ အပိတ်ခံထားရတဲ့ အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတွေ၊ ဗလီဝတ်ပြုကျောင်းတွေကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုဖို့ အစ္စလာမ်ဘာသာဝင်တွေက စီစဉ်နေပါတယ်။
2019-09-23
တပ်မတော်က အပစ်ရပ်ကာလသတ်မှတ်ထားတာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ သက်တမ်း ကုန်ပြီဖြစ်ပေမယ့် နောက်ထပ်တစ်ကြိမ် အပစ်ရပ်သက်တမ်းတိုးဖို့ မသေချာတော့ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောထားပါတယ်။
2019-09-22
ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလို့ ရေကြီးတာ၊ မြေပြိုတာ၊ မုန်တိုင်းကြီးတွေ တိုက်လာတာ၊ အပူရှိန်တွေမြင့်လာတာကို ကမ္ဘာတစ်ဝှမ်းခံနေရတာ နှစ်အတော်ကြာလာပြီဖြစ်ပါတယ်။
2019-09-20
မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာ လက်လုပ်မိုင်းတွေ တွေ့တာကြောင့် အိမ်ရှင်အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်းမှာ AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးခံအမျိုးသမီး လွတ်မြောက်သွားပါတယ်။
2019-09-19
စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ သယံဇာတထုတ်လုပ်မှုကဏ္ဍ တခုတည်းကနေ ဧရာဝတီမြစ်ကူးတံတားကြီး အစင်း ၁ဝဝ ဆောက်နိုင်လောက်တဲ့ ငွေပမာဏ ဆုံးရှုံးခဲ့ကြောင်း MATA အဖွဲ့က ထောက်ပြလိုက်ပါတယ်။