မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်မှု သုံးသပ်သူတွေအမြင်
2019.09.23
■ မြန်မာနိုင်ငံမှာ အပိတ်ခံထားရတဲ့ အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတွေ၊ ဗလီဝတ်ပြုကျောင်းတွေကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုဖို့ အစ္စလာမ်ဘာသာဝင်တွေက စီစဉ်နေပါတယ်။
ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲတွေ၊ အလှူအတန်း ပြုလုပ်တာတွေနောက်မှာ ပေါ်လာတာဖြစ်တယ်လို့ ဝေဖန်သူတွေ ရှိပါတယ်။
မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့် အခြေအနေနဲ့ သုံးသပ်သူတွေရဲ့အမြင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။