သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-30
စစ်ကောင်စီအနေနဲ့ သူတို့တပ်ဖွဲ့တွေကို စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ ဥကရစ်ထစခန်းကို အလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ဘဲ ရာသီဥတုအခြေအနေပေးရင် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇေသူအောင် က ထပ်မံသတိပေးပြောကြားပါတယ်။
2022-06-30
တိုင်းရင်းသား ဒေသတွေမှာသာ အရင်က ဝဲပျံတိုက်ခိုက်တဲ့ တိုက်လေယာဉ်၊ တိုက်ရဟတ်ယာဉ်တွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အရင်က ယမ်းငွေ့မသန်းခဲ့တဲ့ ဒေသတွေမှာပါ ပစ်မှတ်ထား တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။
2022-06-30
ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေဒေသက ဥကရစ်ထစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေ ဇွန်လ ၃၀ ရက် ဒီနေ့အထိ ငါးရက်အကြာ တိုက်ခိုက်နေပါတယ်။
2022-06-30
ဒေသခံတွေရဲ့ ပြောဆိုချက်၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ဇွန်လ ၂၇ ရက်နေ့အထိ စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဘာသာရေး အဆောက်အအုံ ၁၃၂ ခု မီးရှို့မှုအပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။
2022-06-29
စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုဒဏ်တွေကို ကလေးငယ်တွေပါ ခံစားနေကြရပြီး၊ ထင်သလို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကလေးတွေ တိုးပွားလာနေကြောင်း ကုလသမဂ္ဂက သတိပေး လိုက်ပါတယ်။
2022-06-29
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး UNODC က ကျွမ်းကျင်သူတွေက မေလ ၃ဝ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေနဲ့ မတည်ငြိမ်မှုတွေကို အကြောင်းပြုပြီး မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းဂဏအဖွဲ့တွေဟာ မက်သာဖက်တမင်း လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တိုးမြှင့် ထုတ်လုပ်လာကြတယ်လို့ မူးယစ်ဆေးဝါး ကျွမ်းကျင်သူတွေက ပြောသွားပါတယ်။
2022-06-29
နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေကြီး ဦးကြီးမြင့်ကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကရော ဒီသီတင်းပတ်ကုန်မှာ လာရောက်မယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ခရီးစဉ်ကပါ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အကျိုးတစ်စုံတစ်ရာ ပေါ်ထွက်လာမှာ မဟုတ်ပါဘူးလို့ ဝေဖန်ပါတယ်။
2022-06-29
မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ကြားဝင်ဖြေရှင်းမယ့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ကို ဒီနေ့ ဇွန်လ ၂၉ ရက်နေ့မှာ စတင်လိုက်ပါပြီ။
2022-06-29
တရုတ်အစိုးရနဲ့ စစ်တပ် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းအနီးဝန်းကျင်က ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုကြောင့် မေလ ၂၅ ရက်နေ့ကနေ ဇွန်လ ၂၆ ရက်အထိ တစ်လအတွင်း ဒေသခံကိုးဦးထက်မနည်း အသတ်ခံခဲ့ရသလို အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတချို့လည်းရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-06-29
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ အခုဇွန်လအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၄၀ ဝန်းကျင်ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၅၊ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ထုတ်ပြန်ပါတယ်။
2022-06-28
ဝမ်ပေါင်ကုမ္ပဏီက လက်ရှိ ပြည်တွင်းပဋိပက္ခတွေမှာ သူတို့စီမံကိန်းအနေနဲ့ ပါဝင်ပတ်သက်လိုခြင်း မရှိဘူးလို့လည်း ပြောပါတယ်။ လက်ပံတောင်းတောင်အရေးလှုပ်ရှားသူ ကိုကျော်နိုင် က အဲဒီလိုဝမ်ပေါင်ကုမ္ပဏီက ရေးသားချက်ဟာ လိမ်ညာမှုပဲလို့ RFA ကို ပြောပါတယ်။
2022-06-28
“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လုပ်ငန်းနားထားတယ်လို့ ပုံစံမျိုး ဖန်တီးပြောတာပဲ။ တကယ်တမ်းကျတော့ ကြေးနီကားတွေက နမခထဲကို ကား ၁၅ စီးလောက် သယ်သွားတာလည်း ရှိတယ်လေ။ လုပ်ငန်းရပ်ဆိုင်းခဲ့တယ်ဆိုတာ လိမ်ညာပြောတာပဲ ဖြစ်တယ်။ အမှန်တကယ်ကတော့ လျှပ်စစ်ဓာတ်အား ပြတ်သွားလို့ ခုရက်ပိုင်းလေးမှာပဲ သူတို့လုပ်ငန်း ရပ်နားထားတာ”
2022-06-28
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေပြီး စစ်ကောင်စီတပ်က ကုလားတန်မြစ်ကြောင်းအတွင်း သွားလာမှုတွေ ကို တင်းကျပ်ကန့်သတ်ထားတာကြောင့် အခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-28
RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယားဒေသတွေမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇွန်လ ၁ ရက်နေ့ကနေ ဇွန်လ ၂၈ ရက် ဒီနေ့အထိ အချိန်တစ်လနီးပါးအတွင်းမှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် သေဆုံးတဲ့ အရပ်သား ၁၇ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူပေါင်း ၃၀ အထိ ရှိခဲ့ပါတယ်။
2022-06-28
စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲ ပြောင်းရွှေ့လိုက်တာက အသက်အန္တရာယ် တစ်စုံတစ်ရာ ကျရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးတာလို့ NLD ဗဟိုလုပ်ငန်းကော်မတီက ဇွန် ၂၇ ရက်နေ့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။