သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-30
ကိုရိုနာဗိုင်းရပ်ပိုး ရှိ မရှိ စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲစက်ကို မန္တလေးမြို့မှာ မေလ နောက်ဆုံးပတ်ကစပြီး စတင်စစ်ဆေးနိုင်တော့မယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
2020-04-29
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ များလာတာကြောင့် နေအိမ်မှာပဲ နေထိုင်ကြရေး အစီအစဉ်မှာ ထည့်သွင်းလိုက်တဲ့ မြို့နယ် ၁၀မြို့နယ်မှာ အဝင်အထွက် ပိတ်ဆို့တာတွေကြောင့် သွားလာရေးနဲ့ စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
2020-04-28
နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင် အဖွဲ့ကို ဧပြီ ၂၅ ရက်က စတင်ဖွဲ့စည်းလိုက်ပြီးတဲ့နောက် အသွားအလာ ကန့်သတ် စောင့်ကြည့်တဲ့ Quarantine Center တွေမှာ စေတနာ့ဝန်ထမ်းလုပ်လိုသူစာရင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် စတင်ကောက်ယူနေပါတယ်။
2020-04-27
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းရေးနဲ့ သေဆုံးမှု နည်းပါးရေးအတွက် ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဆေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
2020-04-27
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပဖြစ်၊ မဖြစ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီရက်ပိုင်းအတွင်း တရားဝင်ကြေညာပေးဖို့ အချိန်ရောက်ပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက ပြောကြပါတယ်။
2020-04-27
ကိုဗစ် 19 ကမ္ဘာ့ကပ်ရောဂါဟာ အဆုတ်ကိုထိခိုက်ပြီး လူငယ်တွေထက် လူကြီးတွေကို ပိုကူးစက် နိုင်တယ်လို့ အစပိုင်းမှာ ပြောထားပေမယ့် လူ့ခန္ဓာကိုယ်တွင်းက တခြား အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ဖျက်ဆီးတယ်ဆိုတာ ဆေးပညာရှင်တွေ တွေ့လာရပါတယ်။
2020-04-27
မန္တလေးမြို့က အထွေထွေရောဂါကုဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အဖြစ်နဲ့ စောင့်ကြည့်နေတဲ့ သူတွေထဲက ဒီရက်ပိုင်းမှာ ၁၂ ယောက်သေဆုံးသွားတာနဲ့ ပတ်သက်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တဆင့် တိုက်ရိုက်ရှင်းပြထားပါတယ်။
2020-04-26
မြန်မာနိုင်ငံမှာ အစောပိုင်းက လူတစ်သန်းမှာ လူ ၄၆ ယောက်ကိုပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာ ရှိ-မရှိ စစ်ဆေးနိုင်ခဲ့ပေမယ့် အခုတော့ လူတစ်သန်းမှာ အယောက် ၁၂၀ နှူန်း စစ်ဆေးနိုင်ပါတယ်။ ကိုဗစ်-19 ကူးစက်ခံရတဲ့ ဗြိတိန်ဝန်ကြီးချုပ်လည်း ဒီနေ့အလုပ်ပြန်ဆင်းပါမယ်။
2020-04-26
မြန်မာနိုင်ငံတွင်းက လူမှုရေး စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို အမေရိကန်နဲ့ ပြည်ပရောက်မြန်မာတွေ နှစ်စဉ်ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို အခုနှစ်အတွက် မြန်မာနိုင်ငံက Covid-19 ကူးစက် ရောဂါကာကွယ်၊ထိန်းချုပ်ရေးမှာ စွမ်းစွမ်းတမံ အနစ်နာခံဆောင်ရွက်နေတဲ့ သူရဲကောင်းတွေကို ချီးမြှင့်လိုက်တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့က ကြေညာပါတယ်။
2020-04-26
အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း ၆.၄ ရာခိုင်နှုန်းရှိလိမ့်မယ်လို့ မူလက ခန့်မှန်းထားပေမယ့်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ၂ ရာခိုင်နှုန်းပဲ ရှိတော့မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
2020-04-26
မြန်မာနိုင်ငံမှာ မနေ့ကညကအထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့တဲ့သူ အသစ်ထပ်မတိုးဘဲ ၁၄၄ ဦး အတိုင်းပဲဆက်ရှိနေပြီး သေဆုံးသူက ၅ ယောက်မှာပဲရှိနေတယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန မနေ့က ည ၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။
2020-04-24
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကာလအတွင်း ပုဂ္ဂလိက သတင်းမီဒီယာလုပ်ငန်းတွေ ဆက်လက်ရပ်တည်ရေးအတွက် ဘဏ္ဍာရေးပိုင်းမှာ ပိုမိုခက်ခဲလာလို့ သတင်းသမား အများအပြား အလုပ်ကနေ ရပ်နားခံနေရပါတယ်။ ဒီအထဲမှာ မြန်မာတိုင်းမ် သတင်းဌာနနဲ့ ဧရာဝတီ သတင်းဌာနတို့က သတင်းထောက်တချို့လည်း ပါဝင်ပါတယ်။
2020-04-23
တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ်ပြီး ပြန်လာတဲ့သူတွေ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့ တို့မှာ တစ်ထောင်ကျော် ရောက်နေကြတဲ့အတွက် သူတို့အားလုံးကို စောင့်ကြည့်စခန်းတွေမှာထားဖို့ အခက်အခဲဖြစ်နေ တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
2020-04-23
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုတွေကြောင့် နေပြည်တော်မှာ ဧပြီလ ၂၇ ရက် ပြန် ကျင်းပဖို့ လျာထားတဲ့ လွှတ်တော်အစည်းအဝေးတွေကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
2020-04-22
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်ချိန်မှာ လူတိုင်းလက်တွဲဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုုးချုပ်က မနေ့က ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။