ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစဖို့ WHO တိုက်တွန်း
နေရိန်ကျော်
2020.04.26
2020.04.26
မြန်မာနိုင်ငံမှာ မနေ့ကညကအထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့တဲ့သူ အသစ်ထပ်မတိုးဘဲ ၁၄၄ ဦး အတိုင်းပဲဆက်ရှိနေပြီး သေဆုံးသူက ၅ ယောက်မှာပဲရှိနေတယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန မနေ့က ည ၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါပေမဲ့ မန္တလေးဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်နေတဲ့သူတွေထဲက ၇ ဦးဟာ ဗိုင်းရပ်စ်ပိုး တွေ့တယ်လို့ အတည်မပြုနိုင်ဘဲ ဖျားနာရောဂါနဲ့ပဲ မနေ့က သေဆုံးသွားတယ်လို့ ပြည်တွင်းမီဒီယာတချို့မှာ ရေးသား ဖော်ပြကြပါတယ်။
ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလခရိုင်မှာ တရားမဝင်နေထိုင်မှုနဲ့ ထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံထားရတဲ့ မြန်မာ ၃၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။