အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း ၆.၄ ရာခိုင်နှုန်းရှိလိမ့်မယ်လို့ မူလက ခန့်မှန်းထားပေမယ့်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ၂ ရာခိုင်နှုန်းပဲ ရှိတော့မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ အစိုးရအနေနဲ့ အခုဖြစ်နေတဲ့ စီးပွားရေး ထိခိုက်မှု အခြေအနေတွေကို လူအများသိအောင် ပွင့်ပွင့်လင်းလင်း ချပြပြီး အသိပေးဖို့လိုတယ်လို့ ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြားထားပါတယ်။
RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။