ပြည်သူ့ဂုဏ်ရည်ဆုအတွက် Covid-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအဖွဲ့ကို ရွေးချယ်ချီးမြှင့်


2020.04.26
citizen-burma-award-2020-622 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ၂၀၂၀၊ ဧပြီ ၂၅ ရက်နေ့က ပြည်သူ့ဂုဏ်ရည်အသင်း အဝေးရောက် မြန်မာတိုင်းရင်းသား မိသားစုများရဲ့ လှူဒါန်းငွေ ပေးအပ်လှူဒါန်းစဉ်
Photo: Citizen of Burma Award
မြန်မာနိုင်ငံတွင်းက လူမှုရေး စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို အမေရိကန်နဲ့ ပြည်ပရောက်မြန်မာတွေ နှစ်စဉ်ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို အခုနှစ်အတွက် မြန်မာနိုင်ငံက Covid-19 ကူးစက် ရောဂါကာကွယ်၊ထိန်းချုပ်ရေးမှာ စွမ်းစွမ်းတမံ အနစ်နာခံဆောင်ရွက်နေတဲ့ သူရဲကောင်းတွေကို ချီးမြှင့်လိုက်တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့က ကြေညာပါတယ်။
အခုနှစ်ချီးမြှင့်တဲ့ဆုဟာ အဖွဲ့ရဲ့၁၁ ကြိမ်မြောက် ဆုပေးပွဲဖြစ်ပါတယ်။ ဒီဆုပေးအပ်ဖို့ ရွေးချယ်လိုက်တာနဲ့ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝဏ္ဏ ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။