သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-27
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင့်တပ်မတော် AA အဖွဲ့ဟာ တပ်မတော်သားယောင်ဆောင်ပြီး ဒေသခံရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတဲ့အတွက် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေရှိရင် ရဲစခန်းတွေနဲ့ တိုင်းစစ်ဌာနချုပ်ကို တိုင်ကြားကြဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2019-02-27
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စကခ (၁၅) နယ်မြေခံတပ်နယ်ထဲက နေအိမ်လိုင်းခန်းမှာ မနေ့က ဗုံးပေါက်ကွဲမှုဟာ AA ရက္ခိုင့်တပ်မတော်ရဲ့လက်ချက်ဖြစ်တယ်လို့ တပ်မတော်ဘက်က အတိအလင်းစွပ်စွဲ လိုက်ပေမယ့် AA ဘက်ကတော့ ငြင်းဆိုထားပါတယ်။
2019-02-22
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂရုံးမှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကပြုလုပ်တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးသဘောတူစာချုပ် CEDAW ကော်မတီရဲ့ ၇၂ ကြိမ်မြောက် အစည်းအဝေးမှာ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ်ကျူးလွန်ထားတဲ့ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ အဓိကဆွေးနွေးကြပါတယ်။
2019-02-21
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးကို ကန့်ကွက်ဆန္ဒပြခဲ့ကြသူတွေကို ပြည်နယ်အစိုးရက တရားစွဲထားတာကို ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် ကျန်တဲ့အချက်တွေ မလိုက်လျောသေးတာကြောင့် ဆက်လက်တောင်းဆိုသွားမှာဖြစ်တယ်လို့ ကရင်နီပြည် ပြည်သူများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီက ပြောပါတယ်။
2019-02-20
ထိုင်းတံဆိပ်တုံးအတုတွေနဲ့ မြန်မာနိုင်ငံကူးလက်မှတ်၊ စာရွက်စာတမ်းအတု လုပ်ပေးနေတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ထိုင်းနိုင်ငံမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
2019-02-20
ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်ကို HRW လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ဒု-ညွန်ကြားရေးမှူး Phil Robertson အင်္ဂါနေ့က လာရောက်လည်ပတ်ခဲ့ပါတယ်။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2019-02-20
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေမှာ သွားရောက်နေထိုင်ကြတဲ့ ဒုက္ခသည်တွေထဲက အယောက်ငါးရာကျော် တတိယအသုတ်အဖြစ် ပြန်လာဖို့ရှိကြောင်း ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်လိုက်ပါတယ်။
2019-02-18
မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်းကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်မယ့် အစီအစဉ် ပါဝင်ပါတယ်။
2019-02-17
လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့တာဟာ၊ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်က RFA ကို ပြောခဲ့ပါတယ်။
2019-02-14
မြန်မာတစ်နိုင်ငံလုံးမှာ ဒီတစ်လအတွင်း ဝက်သက်ရောဂါဖြစ်ပွားသူ ၂၇၆ ယောက်ရှိပြီး အဲဒီထဲက ရန်ကုန်တိုင်းအတွင်းမှာ ဝက်သက်ရောဂါဖြစ်ပွားနေတဲ့ လူနာက ၂၄၈ ယောက်ရှိနေပါတယ်။
2019-02-14
ဒီနှစ်လတာကာလအတွင်း ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်း နယ်မြေထဲမှာ မြေစာပုံ ပြိုကျမှုနဲ့ ကျောက်တောင်ကမ်းပါး ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦး အထိ သေဆုံးမှုရှိလာပြီလို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
2019-02-13
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်က ပြည်သူတွေဟာ တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် အပါအဝင် ၃ ဦးကို တာဝန်ရာထူးကနေ ဖယ်ရှားပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုက်ပါတယ်။
2019-02-10
မြန်မာနိုင်ငံက လူနည်းစုတွေကို ဖိနှိပ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ အဲဒီလုပ်ရပ်တွေကို မတားဆီးနိုင်တဲ့ အစိုးရအပေါ် တိကျပြတ်သားတဲ့ အရေးယူမှုတွေ စုပေါင်းဆောင်ရွက်ကြဖို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက နိုင်ငံတကာအသိုင်းအဝိုင်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
2019-02-10
ပဲခူးတိုင်း ပြည်မြို့နယ်ထဲက တောင်နဝင်းဆည် အက်နေတာနဲ့ပတ်သက်လို့ ဒေသခံတွေ ထိတ်လန့် တကြား ဖြစ်နေပြီး၊ ဌာနဆိုင်ရာ အရာရှိတစ်ဦး ကတော့ မစိုးရိမ်ဖို့ အကြံပေးပါတယ်။ ဆည်နဲ့ ပတ်သက်လို့ ဂျပန်ပညာရှင်တွေလည်း စစ်ဆေး နေပြီး၊ အခု မိုးရာသီ မရောက်ခင် ကောင်းအောင် ပြုပြင်မယ်လို့ သိရပါတယ်။ ပဲခူးတိုင်းအစိုးရကတော့ ပြည်သူတွေ စိတ်အေးအောင် ထုတ်ပြန်ပြောဆိုတာ အားနည်းတယ်လို့ ဝေဖန်နေကြပါတယ်။
2019-02-10
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဒေသခံ ၂၀၀ ခန့်နဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း က တင်ပြထားပါတယ်။