တောင်နဝင်းဆည် ကျိုးမှာကို ဒေသခံတွေ စိုးရိမ်နေ
2019.02.10

ပဲခူးတိုင်း ပြည်မြို့နယ်ထဲက တောင်နဝင်းဆည် အက်နေတာနဲ့ပတ်သက်လို့ ဒေသခံတွေ ထိတ်လန့် တကြား ဖြစ်နေပြီး၊ ဌာနဆိုင်ရာ အရာရှိတစ်ဦးကတော့ မစိုးရိမ်ဖို့ အကြံပေးပါတယ်။ ဆည်နဲ့ပတ်သက်လို့ ဂျပန်ပညာရှင်တွေလည်း စစ်ဆေးနေပြီး၊ အခု မိုးရာသီ မရောက်ခင် ကောင်းအောင် ပြုပြင်မယ်လို့ သိရပါတယ်။ ပဲခူးတိုင်းအစိုးရကတော့ ပြည်သူတွေ စိတ်အေးအောင် ထုတ်ပြန်ပြောဆိုတာ အားနည်းတယ်လို့ ဝေဖန်နေကြပါတယ်။
ဒီအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်လက်တင်ပြပါလိမ့်မယ်။