သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-03
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်ဟာ ဒီကနေ့ ဩဂုတ်လ ၃ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံကို အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိလာပါတယ်။
2022-08-03
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ် မှတ်ထားပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို ထပ်မံတွေ့ဆုံဆွေးနွေးသွားမယ့်အကြောင်း ကာလုံအစည်း အဝေးအပြီး ဩဂုတ်လ ၁ ရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
2022-08-02
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့နယ် ဘန်းခလောင် ကလန်ကဘွန်ကျေးရွာအုပ်စုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကယန်းအမျိုးသမီး မမြင့်မြင့်ခိုင်ကို အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား Boonlai Buarman က အဓမ္မပြုကျင့်ပြီး သတ်ခဲ့တဲ့အမှုအပေါ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
2022-08-02
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပန်ကျင်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လူငါးဦး သေဆုံးခဲ့ရသလို ကျေးရွာသား ၁၁၀ ကျော် ဖမ်းဆီးခံထားရပါတယ်
2022-08-02
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီက အရေးပေါ်ကာလအခြေအနေကို ၂၀၂၂ ဩဂုတ် ၁ ရက်ကနေ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ နောက်ထပ် ခြောက်လ သက်တမ်းတိုးလိုက်ပါတယ်။ အဲဒီကာလပြီးရင် ကာလုံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီကနေ အာဏာသုံးရပ်ကို ပြန်ယူပြီး နောက်ထပ်ခြောက်လအတွင်းမှာ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးထားပါတယ်။
2022-08-02
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တရားမဝင်ကျောက်တူးဖော်မှုတွေ ပိုများလာတဲ့ အတွက် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ပြောင်းရွှေ့ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-01
စစ်ခေါင်းဆောင်က အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောလိုက်တာဟာ နိုင်ငံတကာက ဖိအားတွေ တိုးမလာအောင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ထိန်းဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေး အင်စတီကျု USIP က လေ့လာသုံးသပ်သူ ဘေလီဖို့ဒ် က ပြောပါတယ်။
2022-08-01
CDM လေသူရဲ ဗိုလ်ကြီးဇေသူအောင်ကတော့ လက်ရှိမြန်မာစစ်တပ်ထဲက အထက်အရာရှိအားလုံးကို ဖယ်ရှားမှသာ ဒီမိုကရေစီစနစ်အတွက် အာမခံချက်ရှိမှာ ဖြစ်တယ်။ အဲဒီလိုဖယ်ရှားဖို့ကလည်း လက်နက်ကိုင်တော်လှန်ရေးက လွဲလို့ အခြားနည်းမရှိတဲ့အတွက် ဒေါ်ဇင်မာအောင် ပြောကြားခဲ့သလို နိုင်ငံတကာရဲ့အကူအညီ လိုအပ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
2022-08-01
အဖမ်းခံထားရတဲ့ ဂျပန်နိုင်ငံသားကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက တစ်ဆင့် တောင်းဆိုထားတယ်လို့ ဂျပန်အစိုးရပြောခွင့်ရှိသူ SEIJI KIHARA က မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2022-08-01
ဇူလိုင်လ ၃၀ ရက်နေ့က အဖမ်းခံရတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အလှဓာတ်ပုံရိုက်ကူးသူ အသက် ၄၈ နှစ်အရွယ် ဦးအေးကျော်ဟာ ၂၄ နာရီအတွင်း စစ်ကြောရေးမှာ လက်လွန်သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန် ၁၈ လအတွင်း အဖမ်းခံရပြီးတဲ့နောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း စစ်ကြောရေးမှာ လက်လွန်သေဆုံးခဲ့သူ အရေအတွက်ဟာ ဦးအေးကျော် အပါအဝင် ၁၃၇ ဦး ရှိနေပါပြီ။
2022-08-01
စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီမံခန့် ခွဲမှုအားနည်းချက်တွေကြောင့် မြန်မာ့စီးပွားရေးကဏ္ဍဟာ ခန့်မှန်းရခက်အောင် ထိုးစိုက်ကျဆင်းနေတယ်လို့ စီးပွားရေး လေ့လာသုံးသပ် သူတွေက ထောက်ပြကြပါတယ်။
2022-08-01
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သုံးနှစ်ကျော်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ဆန်ရိက္ခာတွေ ပုံမှန်မထောက်ပံ့တော့တဲ့အတွက် ဒုက္ခသည်လေးသောင်းကျော် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။