သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-12
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်းဇုန် နယ်မြေအတွင်းကနေပြီး အမြောက်ကြီးတွေနဲ့ ပစ်ခတ်နေမှုတွေကြောင့် ရှေးဟောင်း အဆောက်အဦးတွေအပေါ် ထိခိုက်တာတွေ ရှိနေတယ်လို့ ရှေးဟောင်းသုတေသနဌာနနဲ့ ဒေသခံတွေက ပြောပါတယ်။
2019-04-12
မြန်မာအစိုးရက တရုတ်အစိုးရအကူအညီနဲ့ ဆောင်ရွက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်စီမံကိန်းကို မူလက အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်မယ်လို့ သဘောတူထားခဲ့ရာကနေ ကနဦးလုပ်ငန်းတွေကို ဒေါ်လာ သန်း တထောင့်သုံးရာနဲ့ပဲ စတင်ဖို့ ပြောင်းလဲ ဆုံးဖြတ်ခဲ့ပါတယ်။
2019-04-11
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော် အကြား ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ဆက်နွယ်ပြီး လက္ကာကျေးရွာက ဒေသခံ ၂၇ ဦးကို အစိုးရတပ်မတော်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2019-04-10
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဘေကျင်းမြို့ မှာ ဧပြီလ ၁ဝ ရက်-မနေ့က တွေ့ဆုံဆွေးနွေးချိန်အတွင်း စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပိုးလမ်းမစီမံကိန်းတွေမှာ တပ်မတော်က ပါဝင်မယ့်အကြောင်း စတာတွေကို ဆွေးနွေးသွား ပါတယ်။
2019-04-10
ကချင်ပြည်နယ် မန်စီမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အကြားက လမ်းကြောင်းတွေကို မနေ့ကစပြီး တရုတ်ဘက်က ပိတ်ဆို့လိုက်တဲ့အတွက် ဒေသခံတောင်သူတွေက အခက်တွေ့နေကြပါတယ်။
2019-04-09
လန်ဒန်မြို့အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ဦးထွန်းခင် က ရခိုင်ပြည်နယ် ပြဿနာကို တိုက်ပွဲနဲ့ ဖြေရှင်းတာ လက်မခံပေမယ့် ရခိုင်ပြည်သူတွေက သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေ ရရှိရေးအတွက် လှုပ်ရှားမှုကိုတော့ ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။
2019-04-09
AA ရခိုင့်တပ်မတော်နဲ့ ARSA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံနယ်ခြားစောင့်တပ်တွေ ပူးပေါင်းနှိမ်နင်းဖို့ ဆွေးနွေးကြတယ်ဆိုတဲ့သတင်း ပေါ်ထွက်လာပါတယ်။
2019-04-08
ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လာမယ့် မေလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ကို သွားဖို့ ရှိနေပါတယ်။
2019-04-08
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်များပြားလာနေပေမယ့် ဒေသခံတွေ အကျိုးကျေးဇူးမခံစားရဘဲ ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
2019-04-08
မွေးဖွားရာဇာတိမြေကနေ တခြားအရပ်တပါးကို အကြောင်းအမျိုးမျိုး ပြောင်းရွှေ့အခြေချသူဦးရေက ပိုများလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
2019-04-05
၂ဝ၂ဝ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး တဖြည်းဖြည်း နီးကပ်လာချိန်မှာ NLD အစိုးရကို ဖိလာနေတဲ့ ဖိအားတွေ ပိုပိုများလာနေပါတယ်။
2019-04-05
အိုးအိမ်စွန့်ခွာရသူတွေအတွက် ရေရှည်လိုအပ်ချက်တွေကို ထောက်ပံ့ကူညီဖို့ ဒေသခံ လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြိုးစားသွားမယ်လို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2019-04-02
မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက် စာပေ အနုပညာနဲ့ ဥပဒေလောကက လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ တောင်းဆိုချက်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အတွက် တရုတ်အစိုးရကို ငြင်းပယ်နိုင်ဖို့ ဆေးတစ်ခွက် ဖြစ်လာမလား။
2019-04-02
သတင်းတွေမှာ ရက္ခိုင့်တပ်မတော် AA ကို သောင်းကျန်းသူလို့ မသုံးဖို့ သတင်းမီဒီယာတချို့ကို လူမှုကွန်ရက်နဲ့ အီးမေးလ်တွေကနေတဆင့် ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
2019-04-02
ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တက်ရောက်မယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်ဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့မှာ အခုလကုန်ပိုင်း ကျင်းပဖို့ ရှိနေပါတယ်။ ဒီဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုစီမံကိန်း အကြောင်းအရာတွေ ဆွေးနွေးသွားနိုင်ချေရှိသလဲ ဆိုတဲ့အပေါ် တရုတ်-မြန်မာအရေး လေ့လာသူတွေ ရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။