ရခိုင်ပြည်သူလှုပ်ရှားမှု ရိုဟင်ဂျာ ခေါင်းဆောင် ထောက်ခံ


2019.04.09
tunkhin-brouk-622.jpg BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင် ကို တွေ့ရစဉ်
Photo: RFA

လန်ဒန်မြို့အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ဦးထွန်းခင် က ရခိုင်ပြည်နယ် ပြဿနာကို တိုက်ပွဲနဲ့ ဖြေရှင်းတာ လက်မခံပေမယ့် ရခိုင်ပြည်သူတွေက သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေ ရရှိရေးအတွက် လှုပ်ရှားမှုကိုတော့ ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ARSA ခေါ် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ နဲ့ AA ရခိုင်တပ်ဖွဲ့တွေအကြား ပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ARSA က လူအင်အားမဆိုသလောက်နဲ့ တုတ်ဓါးလောက်သာ ကိုင်ဆောင်နိုင်တဲ့ အဖွဲ့ငယ်တခုဖြစ်ပြီး AA လို စနစ်တကျ ဖွဲ့စည်းထားတဲ့ အင်အားကြီးအဖွဲ့တခု မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ ဝါရှင်တန် ဒီစီ ရှိ RFA ရုံးချုပ်ကို ဧပြီလ ၉ ရက်နေ့ မနေ့က လာရောက်စဉ် သူက အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

ဦးထွန်းခင်နဲ့ ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာကို နားဆင်ပါ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။