သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-04
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အဆင့်အတန်းဟာ ကျဆင်းနေတုန်းပဲလို့ သတင်းမီဒီယာသမားတွေနဲ့ စာနယ်ဇင်းသမားတွေက ပြောကြပါတယ်။
2019-05-03
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ အထကကျောင်းဝန်းအတွင်းမှာ ရွာသား ၂၇၅ဦးကို တပ်မတော်က ဖမ်းဆီးပြီး AA တပ်ဖွဲ့ဝင်တွေ ပါမပါ စစ်ဆေးနေချိန်မှာ သေနတ်လုဖို့ ကြိုးစားတယ်ဆိုပြီး တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဖမ်းခံနေရသူ ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2019-05-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ AA အဖွဲ့နဲ့ပတ်သက်တယ်ဆိုတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရသူတွေကို တပ်မတော်က ကြာသပတေးနေ့က ပစ်ခတ်ခဲ့တဲ့အခြေအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တွေဟာ ကွဲလွဲနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေက ပြောပါတယ်။
2019-05-03
ကျောက်တန်းရွာမှာ ဖမ်းထားတဲ့သူတွေထဲက ၁၂၆ ယောက်လွှတ်ပေးလိုက်ပြီး၊ ကျန်တဲ့သူတွေကို ဥပဒေအတိုင်းအရေးယူမယ်လို့ တပ်မတော်ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားတာနဲ့ ပတ်သက်လို့ AA အဖွဲ့က ဘယ်လိုပြောလဲဆိုတာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2019-05-02
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကပ်မြို့မှာ မေလ ၃ ရက် ဒီကနေ့ညနေပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆရာတော်ဦးဝီရသူရဲ့တရားပွဲကို ဖျက်လိုက်ပါတယ်။
2019-05-02
ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တန်းရွာနဲ့ မြောက်ဦးမြို့နယ် လက္ကာရွာက အရပ်သားတချို့ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရစဉ်မှာ ပစ်ခတ်ခံရပြီး သေဆုံးရတဲ့အပေါ် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။
2019-05-02
ဧပြီလ၂၉ရက်နေ့က မြိတ်မြို့မှာ ကျင်းပတဲ့ ၂ဝဝ၈ အခြေခံဖွဲ့စည်းပုံပါ ၅၉(စ) မပြင်ဆင်ရေးဟောပြောပွဲက မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
2019-05-02
လာမယ့် မေလ တတိယအပတ်မှာ ပြုလုပ်မယ့် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ တေ့ွဆုံပွဲမှာ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ ပေးလိုက်တဲ့ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘာတူစာချုပ် မူကြမ်းအဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ခြေရှိတယ်လို့ သိရပါတယ်။
2019-05-02
ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် တပ်မတော်က စစ်တိုင်း ငါးခုမှာ အပစ်အခတ်ရပ်စဲရေးကာလကို ဇွန်လ ၃၀ ရက်နေ့အထိ နောက်ထပ် နှစ်လ တိုးမြှင့်လိုက်ပါတယ်။
2019-05-02
အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် ဒေးဗစ် ဟေးက ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မနက်ဖြန်မှာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
2019-05-02
ISIS အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ခြိမ်းခြောက်ခဲ့ပါတယ်။
2019-05-01
ရပ်ဝန်းနဲ့ပိုးလမ်းမ ညီလာခံမှာ ထည့်သွင်းမဆွေးနွေးတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို လူထုက ဆန့်ကျင်နေပြီး တရုတ်ပညာရှင်တဦးကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလို အလျှော့အတင်း လုပ်နိုင်တယ်လို့ ပြောပါတယ်။
2019-05-01
ရသင့်ရထိုက်တဲ့ ဥပဒေပါအခွင့်အရေးတွေ အပြည့်အဝခံစားခွင့်ရဖို့ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ အလုပ်သမားတွေက တောင်းဆိုလိုက်ကြပါတယ်။
2019-05-01
ကမ္ဘာမှာ အဆိုးဝါးဆုံး ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုနိုင်ငံ ၁၆နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့ မနေ့ကထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင်ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2019-05-01
Belt and Road ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာပါဝင်မယ့် နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ပြီး အကျိုးရှိနိုင်တယ်ဆိုပေမယ့် ဒေသခံလူထုအသိုင်းအဝန်းရဲ့ ယုံကြည်ထောက်ခံမှုရရှိဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။