ကျောက်တန်းရွာ ပစ်ခတ်မှု မျက်မြင်တွေရဲ့ ပြောဆိုချက်


2019.05.03
aa-camp-location-622.jpg ရသေ့တောင်မြို့နယ် အနီးတဝိုက် မြေပုံ
Photo: cincds.gov.mm

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ AA အဖွဲ့နဲ့ပတ်သက်တယ်ဆိုတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရသူတွေကို တပ်မတော်က ကြာသပတေးနေ့က ပစ်ခတ်ခဲ့တဲ့အခြေအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တွေဟာ ကွဲလွဲနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေက ပြောပါတယ်။

တပ်မတော်ကတော့ သူတို့အနေနဲ့အမှန်အတိုင်းထုတ်ပြန်တာလို့ ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ရခိုင်လွှတ်တော် မှာဆွေးနွေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ဌာနေကိုယ်စားလှယ်က အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။

ဒီအကြောင်းတွေကို RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။