ကျောက်တန်းရွာက သေဆုံးဒဏ်ရာရသူတွေဟာ ဒေသခံတွေဖြစ်


2019.05.03
kyauktan-villagers-622.jpg ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၂ ရက်နေ့က ပို့ဆောင်စဉ်
Photo: Aung Kyaw Htwee

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ  အထကကျောင်းဝန်းအတွင်းမှာ ရွာသား ၂၇၅ဦးကို တပ်မတော်က ဖမ်းဆီးပြီး  AA တပ်ဖွဲ့ဝင်တွေ ပါမပါ စစ်ဆေးနေချိန်မှာ သေနတ်လုဖို့ ကြိုးစားတယ်ဆိုပြီး တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဖမ်းခံနေရသူ ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သူတို့အားလုံးဟာ ကျောက်တန်းရွာဒေသခံတွေဖြစ်တယ်လို့ ဖမ်းဆီးခံရာက လွတ်မြောက်လာသူ ရွာသားတွေက ပြောပါတယ်။

ဖမ်းဆီးခံနေရာက လွတ်မြောက်လာသူ ရွာသားတွေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က မေးမြန်းပြီး တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။