သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-10
သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကျေနပ်မှုမရှိတာကြောင့် ဆက်တိုက်ဆိုသလို အကျဉ်းထောင် ခြောက်ခုမှာ ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ ယူဆကြောင်း၊ ဒီအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ သမ္မတရုံးက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-05-10
ဒီနေ့ခေတ် တိုးတက်နေတဲ့နိုင်ငံတွေမှာ အကျဉ်းသားတွေကို နောင်ကြဉ်အောင် ပြစ်ဒဏ်ပေးတယ်ဆိုတာထက် သူတို့ကိုလည်း လူသားတွေအဖြစ် အသိအမှတ်ပြုဆက်ဆံပြီး၊ အတွေးအခေါ်နဲ့ဆင်ခြင်တုံတရားတွေ ပြောင်းသွားအောင် စိတ်ပညာရှင်တွေ၊ ဆေးပညာရှင်တွေနဲ့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။
2019-05-09
မြန်မာ့ကဗျာနဲ့ စာပေလောကမှာ လူအများလေးစားကြည်ညိုခံရပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရှင်သန်နေထိုင်သွားခဲ့တဲ့ ကွယ်လွန်သူကဗျာဆရာကြီး ဒဂုန်တာရာကို မေလ ၁ဝ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် ဒီနေ့ဟာ သူ့ရဲ့ မွေးနေ့ရာပြည့်ဖြစ်ပါတယ်။
2019-05-09
လူသေဆုံးမှုအထိရှိခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ထောင်တွင်းဆူပူမှု ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ တပြိုင်နက်တည်း ထုတ်လွှင့်တာတွေကိုလည်း ထောင်ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
2019-05-09
ရိုက်တာသတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ပြန်လည်လွတ်မြောက်လာခဲ့ကြပေမယ့် ဖိနှိပ်တဲ့ဥပဒေမျိုးတွေ သတင်းမီဒီယာအပေါ် ဆက်လက်သုံးစွဲနေသမျှ မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ ဆက်လက် ခြိမ်းခြောက်ခံနေရဦးမှာပါလို့ သတင်းသမားတွေကဆိုပါတယ်။
2019-05-09
သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဟာ မမျှတဘူးဆိုပြီး ရွှေဘို၊ ကလေး (မော်လိုက်)၊ သာယာဝတီ၊ မြစ်ကြီးနား၊ ဘားအံ (တောင်ကလေး)၊ ပုသိမ် စတဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားတွေ ဆူပူဆန္ဒပြတောင်းဆိုမှုတွေရှိနေပါတယ်။
2019-05-09
မေလ ၈ ရက်နေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ရင်း ပြေးလမ်းချော်သွားခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
2019-05-08
ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း မှာ သံသယနဲ့ ဖမ်းစီးစစ်ဆေးတဲ့ အခါ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ဖို့ အစိုးရအနေနဲ့ အမြန်ဆုံးညွှန်ကြားပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2019-05-08
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ကြောင်း ဒီနေ့မေလ ၈ ရက်မနက်က တိုက်ခိုက်ခံရသလို၊ ကျောက်တော်မြို့နယ်မှာ မြန်မာ့တပ်မတော်ကို AA အဖွဲ့က မနေ့ကကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းက ပြောပါတယ်။
2019-05-08
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ဆောင်နေပေမယ့် ဒုက္ခသည်တွေကတော့ သူတို့ရဲ့တောင်းဆိုချက်တွေ မရမချင်း နေရပ်ပြန်ရေးကိစ္စ မဖြစ်နိုင်သေးဘူးလို့ ပြောနေပါတယ်။
2019-05-07
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ်၇နှစ်ချမှတ်ခံရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မနေ့က သမ္မတရဲ့ခြွင်းချက်မရှိ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာသူ ၆၅ဝဝ မှာ ပါဝင်ပြီး သူတို့လွတ်မြောက်လာတာအတွက် အပြည်ပြည်ဆိုင်ရာက ဝမ်းမြောက်ဝမ်းသာ ချီးကျူးကြိုဆိုကြပါတယ်။
2019-05-07
ရခိုင်ပြည်နယ်က စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ အခုချိန်ထိ အသံကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတာ၊ အပစ်အခတ်ရပ်ဖို့ တိုက်တွန်းတာ၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ဆိုတာတွေ မကြားရပါဘူး။
2019-05-06
AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ကျောက်တန်းရွာသားတွေထဲက အပြစ်မရှိသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ စစ်တွေနဲ့ ရသေ့တောင်က ဆရာတော်ကြီး ခုနှစ်ပါးက တပ်မတော်တာဝန်ရှိသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။
2019-05-06
သြင်္ကန်မှာ သံချပ်ထိုးဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေထဲက မဆုရတနာမြင့်နဲ့ ကိုချစ်ယုံတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ထပ်မံတရားစွဲလိုက်ပါတယ်။
2019-05-05
မြန်မာပြည်မှာ ဆင်းရဲသူရော ချမ်းသာသူတွေပါ အဟာရချို့တဲ့နေကြပါတယ်။ ကမ္ဘာနဲ့ အလှမ်းကွာခဲ့တဲ့ အကျိုးဆက်တွေကို ဦးခင်မောင်စိုးက ရိုက်တာ သတင်းဌာနက သင်းလဲ့ဝင်း ရဲ့ ဆောင်းပါး နှစ်ပုဒ်အပေါ် အခြေခံပြီး တင်ပြထားပါတယ်။