အကျဉ်းထောင်တွေ ဆူပူမှု သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေသလား
2019.05.10
သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကျေနပ်မှုမရှိတာကြောင့် ဆက်တိုက်ဆိုသလို အကျဉ်းထောင် ခြောက်ခုမှာ ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ ယူဆကြောင်း၊ ဒီအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ သမ္မတရုံးက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီအကျဉ်းထောင် ခြောက်ခု ဆူပူမှုမှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေသလားဆိုတာကို NLD ပါတီ၊ ဥပဒေပညာရှင်တွေနဲ့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေကို မေးမြန်းပြီး RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။