ရခိုင်ပြည်နယ်က ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရ
2019.05.08

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ကြောင်း ဒီနေ့မေလ ၈ ရက်မနက်က တိုက်ခိုက်ခံရသလို၊ ကျောက်တော်မြို့နယ်မှာ မြန်မာ့တပ်မတော်ကို AA အဖွဲ့က မနေ့ကကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းက ပြောပါတယ်။
အခုမေလ ပထမပတ်အတွင်း တိုက်ပွဲတွေ တော်တော်များများဖြစ်နေပြီး နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရတာ၊ ကျဆုံးတာရှိတယ်လို့ AA အဖွဲ့ကပြောပေမယ့် ကျဆုံးမှုရှိတယ်ဆိုတာကိုတော့ မြန်မာ့တပ်မတော်က ငြင်းဆိုပါတယ်။
RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။