အပြစ်မရှိသူတွေကို လွှတ်ပေးဖို့ တပ်မတော်ကို ဆရာတော် ခုနှစ်ပါး မေတ္တာရပ်ခံ
2019.05.06
AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ရွာသားတွေထဲက အပြစ်မရှိတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ဗျူဟာမှူးအပါအဝင် တပ်မတော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စစ်တွေနဲ့ ရသေ့တောင်က ဆရာတော်ကြီး ခုနှစ်ပါးက မေတ္တာရပ်ခံခဲ့ပါတယ်။
RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။