သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-08-11
မြန်မာနိုင်ငံမှာ တစ်ခေတ်တစ်ခါတုန်းက ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း၊ ဆိုဗီယက်ပြန် ဆပ်ကပ် ဦးမောင်မောင် စတဲ့သူတွေ ထင်ရှားခဲ့ပါတယ်။ ၁၉၉၁ ဒီဇင်ဘာမှာ ဆိုဗီယက်ပြည်ထောင်စု အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး နောက်ဆယ်စုနှစ်တွေအကြာမှာ ရုရှားပြန် မြန်မာစစ်အရာရှိတွေ ပေါ်ပေါက်လာပြန်ပါတယ်။
2023-08-11
ရိုဟင်ဂျာ ဒုက္ခသည်တွေကို စခန်းလုံခြုံရေး တာ၀န်ယူထားသူတွေက အနိုင်ကျင့် နှိပ်စက်မှုတွေအတွက် တာ၀န်ခံမှုရှိစေရန် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Fortify Rights အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2023-08-11
တမူးမြို့နယ် ခါမ်းပါတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့ တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ တောတောင်တွေနဲ့ မဏိပူရ်ပြည်နယ်အထိ ထွက်ပြေးနေရပါတယ်။
2023-08-11
မြန်မာ့ကျောက်မျက်လုပ်ငန်းကို စီးပွားရေးအရ ပိတ်ဆို့ဖို့ တရုတ်နဲ့ အနောက်နိုင်ငံတွေကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့က ထပ်မံတောင်းဆိုထားပါတယ်။
2023-08-10
ဖြူးမြို့နယ် အောက်ကြာအင်းရွာမှာ ဩဂုတ် ၉ ရက်က စစ်တပ်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရပြီး ဖမ်းဆီးခံရတဲ့ ရွာသားတွေထဲက ခြောက်ဦးခန့် အသတ်ခံခဲ့ရပါတယ်။
2023-08-10
မဲမသမာမှုအကြောင်းပြချက်နဲ့ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တစ်ကျော့ပြန် ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေတာ အချိန်တစ်နှစ်နီးပါးရှိလာပါပြီ။
2023-08-09
သံလွင်မြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ယွန်းမြစ်ကို ရေလှောင်တမံနဲ့ ပိတ်ပြီး နှစ်စဉ် မြစ်ရေ ၁.၈ ဘီလီယံ ကုဗမီတာလောက်ကို ပင်းမြစ်ထဲကို တူးမြောင်းနဲ့ သွယ်ယူမဲ့ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
2023-08-09
ထင်ရှားတဲ့ ကရင်တိုင်းရင်းသား တော်လှန်ရေးသမားတစ်ဦးဖြစ်သူ ပဒိုမန်းမန်း က ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေအကြား နိုင်ငံရေးအရတိုးတက်မှုလိုနေတယ်လို့ ဝေဖန်ပါတယ်။
2023-08-09
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးစိတ်ဓာတ် ပျက်ပြား ဦးကျိုးသွားအောင် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်တာတွေ ပဲခူးတိုင်း ထဲက သာယာဝတီထောင်နဲ့ ကျိုက်စကော အကျဉ်းထောင်တွေမှာ အဆိုးရွားဆုံး ကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက RFA ကို ပြောပါတယ်။
2023-08-09
“ကျွန်တော်တို့ အာဆီယံထဲ မဝင်သေးတာကတော့ အဖွဲ့ကြီးအတွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို မဖြေရှင်းနိုင်လို့ဖြစ်ပါတယ်” လို့ အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ်ဟောတာ က ပြောပါတယ်။
2023-08-09
ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်နေပါတယ်။
2023-08-09
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးအပါအဝင် ထိပ်တန်းဝန်ကြီးနေရာတွေကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
2023-08-08
ပြည်ပရောက်နေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားမျိုးစုံဟာ ပြည်တွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသူတွေကို ပုံစံမျိုးစုံနဲ့ ထောက်ပံ့နေကြပါတယ်။
2023-08-08
မုတ်သုန်ရာသီရောက်လို့ မိုးဖြိုင်ဖြိုင်ရွာတာနဲ့ နှစ်စဉ်မြစ်ရေကြီး မြစ်ရေလျှံတိုင်း မိုးများတာနဲ့ ရာသီဥတုပြောင်းလဲသွားတာကိုပဲ အများက ထောက်ပြကြပြီး ရေဝေရေလဲ သစ်တောတွေ ပြုန်းတီးသွားတာနဲ့ မိုင်းတွင်းလုပ်ငန်းတွေရဲ့ အကျိုးဆက်ကို ထည့်တွက်လေ့မရှိပါဘူး။
2023-08-08
ရှစ်လေးလုံး လူထုအရေးတော်ပုံနဲ့ အခုလက်ရှိဖြစ်နေတဲ့ နွေဦးတော်လှန်ရေး ဖြစ်လာရတာဟာ မတူညီတဲ့အခြေအနေတွေရှိနေပေမဲ့ အစပျိုးလာတဲ့ အခြေခံအချက်အလက်တွေဟာ တူညီပါတယ်လို့ သုံးသပ်သူတွေက မြင်ပါတယ်။