သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-17
ပြီးခဲ့တဲ့ရက်ပိုင်းက ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အမေရိကန်အစိုးရက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲက မြန်မာအတွက်နေရာကို ထိုင်ခံလွတ်ထားခဲ့ပြီး NUG ကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို သီးသန့်တွေ့ဆုံခဲ့ပါတယ်။ တခြား အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တန်းတူ လုံခြုံရေး အစောင့်အရှောက် လည်း စီမံပေးခဲ့ပါတယ်။
2022-05-17
ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ LGBT လို့ခေါ်တဲ့ လိင်တူချစ်သူများ၊ လိင်စိတ်ကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ နိုင်ငံတကာနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် LGBT တွေအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ တစ်သောင်းကျော် ဖမ်းဆီးခံထားရတာမို့ “သံတိုင်နောက်က အလင်းတစ်စ” ထောင်တွင်းအကြမ်းဖက်မှု ရပ်တန့်ရေးလှုပ်ရှားမှုကို မြန်မာ LGBT အဖွဲ့က ဦးဆောင်ပြီး လှုပ်ရှားနေပါတယ်။
2022-05-16
မြန်မာ့ လက်ရှိစီးပွားရေး၊ နိုင်ငံရေးအပြောင်းအလဲတွေ၊ ဝန်ကြီးချုပ်မိုဒီ အစိုးရရဲ့ အရှေ့ကြည့် မူဝါဒတွေက နယ်စပ်ချင်း ထိဆက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာလို အိန္ဒိယရဲ့ အရှေ့မြောက်ဒေသက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေနဲ့ ထိတွေ့ဖို့ လိုအပ်နေကြောင်း ပြသနေတာလည်း ဖြစ်ပါတယ်။
2022-05-16
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ပုလဲမြို့နယ်တွေမှာ မေလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ လေးရက်အတွင်း သံဃာနဲ့ ကိုရင် လေးပါး အပါအဝင် ၃၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲက ၂၈ ဦးရဲ့ ရုပ်အလောင်းကိုတော့ မီးရှို့ခံထားရတဲ့ အိမ်တွေနဲ့အတူ တွေ့ရှိခဲ့ရတာပါ။
2022-05-16
အာဏာသိမ်း နောက်ဆက်တွဲ ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ လျှပ်စစ်မီး အလွန်အမင်း ပြတ်တောက်မှုဟာ လူတွေရဲ့ နေ့စဥ်ဘဝကို ဆိုးဆိုးရွားရွား ထိခိုက်လာတယ်လို့ အလွှာမျိုးစုံက ပြည်သူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ နေ့စဥ်အလှည့်ကျ မီးဖြတ်တဲ့စနစ်ကြောင့် ထမင်းဟင်းချက်တဲ့ကိစ္စကနေ အိမ်တွင်းအသေးစားလုပ်ငန်းတွေအထိ ဆိုးဆိုးရွားရွား နေ့စဉ်ထိခိုက်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အင်ဂျင်နီယာချုပ် ဦးကျော်သူ ကတော့ မကြာခင် မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် လျှပ်စစ်မီးကို ဝန်အားအပြည့်နဲ့ ဖူဖူလုံလုံ ပေးနိုင်တော့မယ်လို့ ပြောပါတယ်။
2022-05-15
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို မေလ ၁၄ ရက် မနေ့ညနေက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ရွာထဲကနေအိမ်တွေကို မီးရှို့လို့ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-05-14
ပုံမှန်အားဖြင့် မေလလယ်လောက်မှာ မြန်မာနိုင်ငံကို မုတ်သုံမိုးဝင်လေ့ရှိပြီး အိမ်နီးချင်း အိန္ဒိယ အပါအဝင် တောင်အာရှမှာ ဇွန်လောက်မှ မိုးရာသီရောက်တာမို့ တောင်အာရှက လူသန်းတစ်ထောင်ခွဲဟာ သာမန်ထက်ထူးကဲတဲ့ အပူဒဏ်ခံနေရတာ သီတင်းသုံးပတ်လောက်ရှိပါပြီ။
2022-05-14
အမေရိကန်-အာဆီယံထိပ်သီးညီလာခံတက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ Willard ဟိုတယ်မှာ မေ ၁၄ ရက် မနက်ပိုင်းမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပါတယ်။
2022-05-14
မန္တလေးမြို့၊ နန်းမြို့ရိုးပတ်လည်မှာ ဒီနေ့ မေလ ၁၄ ရက် ကဆုန်လပြည့်နေ့ သာသနာတော်နှစ် ၂၅၆၆ ခုနှစ်ကို ရောက်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ မန္တလေးတိုင်း စစ်ကောင်စီအဖွဲ့ဝင်တွေ ဦးဆောင်ကျင်းပတဲ့ သံဃာတော် တစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းလှူတဲ့ အခမ်းအနားကို မန္တလေးက သံဃာတော်တွေနဲ့ မြို့ခံတွေကို ဖိအားပေးပြီး တက်ရောက်ခိုင်းတယ်လို့ သံဃာတော်တချို့က မိန့်ပါတယ်။
2022-05-13
တရုတ်အစိုးရနဲ့ စစ်တပ်ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးဝန်းကျင်မှာ စစ်တပ်က အခု မေလဆန်းကစလို့ နယ်မြေ ရှင်းလင်းရေး လုပ်လာတာကြောင့် တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။
2022-05-13
ဝါရှင်တန်ဒီစီမြို့မှာပြုလုပ်တဲ့ အမေရိကန်- အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် ထိုင်ခုံလွတ်ထားပြီး စစ်ကောင်စီ ခေါင်းဆောင်ကို ဖယ်ထုတ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း အဆင့်မြင့်ကိုယ်စားလှယ် တက်ခွင့်မပေးတဲ့အတွက် ကိုယ်စားလှယ်မလွှတ်ဘဲ ဒီအစည်းအဝေးကို သပိတ်မှောက်ခဲ့ပါတယ်။
2022-05-13
ကရင်နီလို့ ခေါ်တဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KNDF၊ KA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတာ တစ်နှစ်နီးပါးရှိပါပြီ။
2022-05-12
ဧပြီ ၂၇ ရက်ကနေ မေလ ၉ ရက်နေ့အထိ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ ဗဟိုဘဏ်၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပို့ကုန်လုပ်ငန်းကုမ္ပဏီ ၃၃၅ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် ရုပ်သိမ်းလိုက် ပါတယ်။
2022-05-12
မြန်မာနိုင်ငံတွင်းက စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ အာဆီယံ ပါဝင်ပတ်သက်နေပြီး အဲဒီ ကျူးလွန်မှုတွေကို ဆက်လက်အားပေးသလိုဖြစ်နေကြောင်း Justice For Myanmar အဖွဲ့က ပြောပါတယ်။
2022-05-11
အမေရိကန်နိုင်ငံနဲ့ အာဆီယံ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ရက်တွေမှာ ပြုလုပ်မယ့် အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးဟာ အမေရိကန်အစိုးရအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ဆက်ဆံရေး မြှင့်တင်ပြီး ပိုပြီးနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ အခွင့်အရေးဖြစ်တယ်လို့ USIP က သုံးသပ်ထားပါတယ်။