သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-06
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တစ်နှစ်ကျော် ရှိလာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး စားနပ်ရိက္ခာအတွက် ပြင်ပအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကို အားကိုးနေရပါတယ်။
2020-01-05
မြန်မာ့လယ်ယာကဏ္ဍမှာ ဆန်စပါးက အဓိကကဏ္ဍအနေနဲ့ ရှိနေဆဲပါ။ ဒါပေမဲ့ ဆန်စပါး စိုက်ပျိုးမှု ခေတ်မီရေးမှာ ပြဿနာတွေက ရှိနေဆဲဖြစ်ပါတယ်။
2020-01-05
ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်း သုံးဖွဲ့ဘက်က နှစ်လကြာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ဆိုရင် မင်းပြားမြို့နယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2020-01-05
လွတ်လပ်ရေးနေ့ မနေ့က ပြောခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဖုအထစ်ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင် တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။
2020-01-05
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နယ်မြေအေးချမ်းမှုမရှိဘဲ ခရီးသွားနည်းပါးလာတယ်ဆိုပြီး ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ရပ်နားလိုက်ပါတယ်။
2020-01-04
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝါးသိုးခိုကျေးရွာမှာ ဇန်နဝါရီ ၂ ရက်နေ့က တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2020-01-03
မြန်မာပြည် လွတ်လပ်ရေးရတာ ဒီကနေ့ ၇၂ နှစ် ပြည့်ခဲ့ပါပြီ။ လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို မြန်မာပြည်သူတွေ ခံစားကြရပြီလား။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ရန်ကုန် မြို့တော်ခမ်းမကနေ နောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်တချို့ကို ဦးခင်မောင်စိုး တင်ပြထားပါတယ်။
2020-01-03
ရခိုင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းတွေအနေနဲ့ ကုန်းလမ်းနဲ့ ရေလမ်းခရီးတွေ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်ပါမှ သွားရောက်ကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။
2020-01-03
ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲစခန်းက ရဲဝန်ထမ်းတွေအတွက် လစာသွားထုတ်တဲ့ ရဲဝန်ထမ်း လေးဦးထဲက နှစ်ဦးနဲ့ လစာငွေတွေကို AA အဖွဲ့က မနေ့က မနက်ပိုင်းမှာ ပစ်ခတ်ယူဆောင်သွားတယ်လို့ တပ်မတော်က ပြောပါတယ်။
2020-01-03
ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပါတီဝင်တွေ ပါဝင်တဲ့ ဗဟိုတိုင်းရင်းသားရေးရာ ကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2020-01-02
ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့မြို့နယ် ခုနှစ်ခု လောက်မှာ ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ စပါးစိုက်ခင်းဧက တစ်သောင်းခွဲကျော်ရှိတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ဒီနေ့ပြောပါတယ်။
2020-01-02
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ညက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ကျေးရွာတာဝန်ခံ တစ်ဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက သတ်ဖြတ်လိုက်တာလို့ မျက်မြင်သက်သေနှစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2020-01-01
မွန်ပြည်သစ်ပါတီမှာ အင်အားနည်းနေတဲ့အတွက် အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနိုင်ကျင့်တာကို ခံနေရတာကြောင့် မွန်လူငယ်တိုင်း မွန်ပြည်သစ်ပါတီရဲ့ မွန် အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ဝင်ရောက်အားဖြည့်ကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပတဲ့ ၈ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ်မှာ တိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။
2020-01-01
ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပခဲ့တာ လက်ရှိအစိုးရ သက်တမ်းကာလအတွင်းမှာဆိုရင် ၁၇ ကြိမ်ရှိပြီဖြစ်ပါတယ်။