သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-23
အာဆီယံအသင်းဝင်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ပြဿနာကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စနေနေ့ကျင်းပမယ့် အာဆီယံအရေးပေါ် အစည်းအဝေးက ဘယ်လောက် ဖြေရှင်းနိုင်မလဲဆိုတာ စမ်းသပ်မှုတခု ဖြစ်လာနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုတွေအောက်မှာ အာဆီယံရဲ့မူဝါဒတွေကို ကျော်လွန်ပြီး ဘယ် လောက်လုပ်နိုင်မလဲဆိုတဲ့ စိန်ခေါ်မှုတွေကလည်း ရှိနေတာပါ။
2021-04-23
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာ့အရေး အာဆီယံညီလာခံ ကျင်းပတဲ့နေရာမှာ ကန့်ကွက်မှုတွေ ရှိတဲ့ကြားက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အမတ်တွေအများစု ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင်တွေကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။
2021-04-23
ဒေါက်တာတေဇာစန်းဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပထမဆုံး လမ်းမပေါ်ထွက် ဦးဆောင်ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ စစ်ကောင်စီက သူ့ကိုမရမက လိုက်ဖမ်းနေပေမယ့်လည်း ဒေါက်တာတေဇာစန်းဟာ ဒီကနေ့ထိ နေ့ရောညပါ ဦးဆောင်ဆန္ဒပြနေဆဲဖြစ်ပါတယ်။ သူ့ရဲ့ခံယူချက် သူ့ရဲ့ စိတ်ဓာတ်တွေနဲ့ သူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို တင်ပြထားပါတယ်။
2021-04-21
စစ်တပ်က အာဏာသိမ်းတာ ၂ လခွဲကျော်လာပေမယ့် အစိုးရယန္တရားတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအများစုက CDM လို့ခေါ်တဲ့ "အကြမ်းမဖက် လူထုလှုပ်ရှားမှု" မှာ ပါဝင်နေတဲ့အတွက် စစ်အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်ဖို့ ခက်ခဲနေတာ တွေ့ရပါတယ်။ CDM ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းအောင် အာဏာသိမ်းစစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိအားပေးနေပေမယ့် ဝန်ထမ်းအများစုက ဇွဲမလျှော့ဘဲ စစ်အာဏာရှင်စနစ် အပြီးဖျက်သိမ်းရေးကိုသာ တောင်းဆိုနေကြပါတယ်။
2021-04-20
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းတာ ဖမ်းဆီး သတ်ဖြတ်တာတွေ အဆက်မပြတ် လုပ်နေပါတယ်။ ဒီလို ရက်ရက်စက်စက် ဖြိုခွင်းသတ်ဖြတ်မှုတွေကို မြင်တွေ့ခံစားနေရတာကြောင့် မြန်မာစစ်တပ်ရဲ့ အခုလို ရက်စက်မှုတွေကို တိုင်းရင်းသား ဒေသတွေမှာ နှစ်ပေါင်းများစွာ ခံလာခဲ့ရတာပဲဆိုတဲ့ အသိနဲ့ နားလည်မှုတွေ ပြည်သူအကြားမှာ ပိုပြီး ရှိလာနေ ပါတယ်။ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့် တိုင်းရင်းသားတွေအချင်းချင်း ပိုစည်းလုံးလာတဲ့အပြင် ရိုဟင်ဂျာတွေ အပေါ်မှာလည်း အမြင်တွေ ပြောင်းလဲသွားပါတယ်။
2021-04-20
ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်လမ်းက သူရိန်အလူမီနီယံလုပ်ငန်းဆိုင်ကို မနေ့မနက်က စစ်တပ်နဲ့ရဲတွေလာရောက် ရှာဖွေပြီး ဆိုင်ပိုင်ရှင် ဒေါ်နီနီခိုင်နဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦး အပါအဝင် လူ ၉ ဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် အဲဒီဆိုင် ကနေ လက်လုပ်ဗုံးတွေ တွေ့ရတယ်လို့ စစ်ကောင်စီက မနေ့ညမှာ ကြေညာခဲ့ပါတယ်။
2021-04-20
အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ အာဏာအမြန်ဆုံးတည်မြဲရေးအတွက် လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို သူတို့စိတ်ကြိုက် အကြမ်းဖက်ခွင့် ပေးထား တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားဆန္ဒပြနေကြတဲ့ ပြည်သူတွေနဲ့ ပူးပေါင်းလာကြတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ပြောကြပါတယ်။ ဒီလို အကြမ်းဖက် ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေအကြား အကြောက် တရားတွေ ပိုများလာကြသလို တစ်ဖက်မှာလည်း စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက်လည်း စိတ်ဓာတ်တွေ ပိုခိုင်မာလာကြပါတယ်။
2021-04-19
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူတွေကို စစ်ကောင်စီ လက်အောက်ခံ တပ်တွေက ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးရုံတင်မက ငွေညစ် တောင်းရမ်းတာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေပါ လုပ်လာကြပါတယ်။
2021-04-18
ရှစ်လေးလုံးအရေးတော်ပုံကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးရတဲ့ သမိုင်းတစ်ပတ်ပြန်လည်အောင် အာဏာသိမ်း စစ်ကောင်စီက ၂၀၂၁ မှာ ဖန်တီးလိုက်ပြန်ပါတယ်။ သမိုင်းတစ်ပတ် ပြန်လည် ပေမယ့် ၈၈ လို အိမ်နီးချင်းနိုင်ငံတွေကို အားကိုးလို့ ရ၊ မရ စောင့်ကြည့်ရမယ့် အနေအထားမှာရှိနေပါတယ်။
2021-04-17
အခုဆိုရင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြ လှုပ်ရှားသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း သေဆုံးသူ အရပ်သား ပြည်သူ ၇၀၀ကျော် ရှိသွားပါပြီ။
2021-04-17
ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ၂ဝဝဝ ကျော် ရှိနေပါပြီ။ ဒီဒုက္ခသည်တွေအတွက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲဖြစ်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2021-04-16
ဧပြီ ၁၅ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဆန္ဒပြ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ ဘာအဆက် အသွယ်မှ မရသေးပါဘူး။ RFAအနေနဲ့ ကိုဝေမိုးနိုင် အဖမ်းမခံရခင် ဧပြီလ ၈ရက်နေ့က မေးမြန်းခွင့်ရလိုက်ပါတယ်။
2021-04-16
အာဏာသိမ်းစစ်ကောင်စီအောက် အဖိနှိပ်ခံပြည်သူတရပ်လုံး မျှော်လင့်စောင့်စား ခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ထွက်လာခဲ့ပါပြီ။
2021-04-15
မနေ့က မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရသလို မန္တလေး မစိုးရိမ်တိုက်ဟောင်းနဲ့ ဝိသုဒ္ဓာရုံ ကျောင်းတိုက်တွေကို ရဲနဲ့စစ်တပ်က ညနေပိုင်းမှာ ဝင်ရောက်စီးနင်းပြီး လူငယ် ၂ဝ ကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်ဘူတာကြီးဘေးက လမ်းကျော်ဂုံးတံတားပေါ်မှာ စစ်ကောင်စီ ဆန့်ကျင်ရေး ပိုစတာတွေ သွားရောက် ချိတ်ဆွဲခဲ့တဲ့ လူငယ် ၅ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
2021-04-14
အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ အနုပညာရှင်တွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ် တရားစွဲထားသလို သူတို့ရဲ့အနုပညာတွေကိုလည်း ဘယ်မီဒီယာကမှ ထုတ်လွှင့်ခြင်းမပြုဖို့ ထုတ်ပြန်ထားပါတယ်။ ဒီအနုပညာရှင်တွေကတော့ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်ကို သက်ဆုံးတိုင် ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။