သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-23
ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ဖွဲ့စည်းထူထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ ဆိုတဲ့အချက်တွေ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2023-09-23
တန့်ဆည်မြို့ မှာ စစ်တပ်က နေရာယူထားတဲ့ ဒေါင်းမင်းစက်သုံးဆီဆိုင်ဟောင်းနေရာနဲ့ လူဝင်မှုကြီးကြပ်ရေးရုံး (လ.ဝ.က) ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
2023-09-22
မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိလာအောင်လုပ်ဖို့၊ လက်နက်တင်ပို့ရောင်းချရေးပိတ်ဆို့ဖို့၊ လေယာဉ်ဆီမရောင်းဖို့စတဲ့ အချက်တွေပါဝင်တဲ့ အရေးယူဆုံးဖြတ်ချက်တစ်ခု ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ပေးဖို့ ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
2023-09-22
မြန်မာနိုင်ငံသားအားလုံး တရုတ်နိုင်ငံဘက်ကို ယာယီနယ်စပ် ဖြတ်သန်းသွားလာခွင့် (TBP) လက်မှတ်နဲ့ သွားရောက်ခွင့်ပေးလိုက်ပါတယ်။
2023-09-22
အာဏာသိမ်းစက အိမ်နီးချင်း တရုတ်နိုင်ငံနဲ့သာ နီးကပ်ခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းသက်တမ်း သုံးနှစ်ထဲရောက်လာချိန်မှာ ကမ္ဘာ့အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ဘယ်လာရုစ်၊ မြောက်ကိုးရီးယား တို့နဲ့ပါ ပူးပေါင်းဆောင်ရွက်မှု ပိုများလာပါတယ်။
2023-09-21
ဒေါ်လာသုံးစွဲလုပ်ကိုင်ရတဲ့ လုပ်ငန်းရှင်တွေထံကနေ လာဘ်ငွေ ယူခဲ့တယ်လို့ သတင်းထွက်ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ရာထူးက ဖယ်ရှားခံရပြီး နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ချ စစ်ဆေးမေးမြန်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
2023-09-21
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲအတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ် ခုနစ်သောင်းခွဲလောက်ရှိပြီလို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တွေက ထုတ်ပြန်ကြပါတယ်။
2023-09-20
မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်းအချို့ဟာ လူကုန်ကူးမှုနဲ့ အင်တာနက်အခြေပြု ငွေလိမ်တဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာရာကနေ ကမ္ဘာအနှံ့ ပျံ့နှံ့လာပြီး ဒေါ်လာဘီလျံနဲ့ချီ အကျိုးအမြတ်ရှိတဲ့ တရားမဝင် လုပ်ငန်းကွန်ယက်တွေအဖြစ် ပေါ်ထွက်လာနေတယ်လို့ အင်တာနက် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2023-09-20
ထိုင်းနိုင်ငံမှာရှိတဲ့ ကွန်ဒိုတွေကို မြန်မာနိုင်ငံသားတွေ ဝယ်လိုအားမြင့်တက်နေပြီး လွန်ခဲ့တဲ့ခြောက်လအတွင်း ပျမ်းမျှအားဖြင့် တစ်ရက်ကို တစ်ခန်းနှုန်းလောက်အထိ ဝယ်နေကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
2023-09-20
မြန်မာဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီပိုင် နယ်မြေတွေအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အခြေစိုက်တပ်စွဲပြီး အနီးအနားက ကျေးရွာတွေကို လှည့်ပတ်မီးရှို့တာ၊ ဒေသခံတွေကို ပြန်ပေးဆွဲတာနဲ့ ဥပဒေမဲ့လူသတ်တာတွေကို ပိုပြီး ကျုးလွန်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-20
မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကာင်စီတပ် ထောက်ပို့ စစ်ရေယာဉ်အုပ်စုထဲမှာပါတဲ့ ရေယာဉ်တစ်စီး နစ်မြုပ်တာကြောင့် လူ ကိုးဆယ်လောက် ပျောက်ဆုံးနေပါတယ်။
2023-09-20
ပန်ဝါဒေသမှာ တရားမဝင် မြေရှားသတ္တုတူးဖော်တာတွေကို စစ်ကောင်စီ လာရောက်စစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် စက်တင်ဘာက ပထမပတ်ကနေစပြီး ရပ်ထားကြတယ်လို့ ပြောပါတယ်။
2023-09-20
နှင်းဆီရောင်အမျိုးသမီးသပိတ်လှုပ်ရှားမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က အမျိုးသမီး အင်အား နှစ်ရာဝန်းကျင်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ အင်အား တစ်ထောင်နီးပါးအထိ အားကောင်းခဲ့တယ်လို့ ပြောပါတယ်။
2023-09-19
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ တိုးလာတဲ့အကြောင်း မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေက တင်ပြခဲ့ကြပါတယ်။
2023-09-19
စက်တင်ဘာ ၁၇ ရက်က စစ်ကိုင်းတိုင်းမှာ အရပ်သား ခုနစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ တွေက ဖမ်းဆီးသတ်ဖြတ်ပြီး လူနေအိမ် ၄၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။