သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-13
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ခုနစ်လကျော်ကာလ အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေ မြန်မာနိုင်ငံကနေ တဖြည်း ဖြည်းချင်း ပြန်ရုပ်သိမ်းနေပြီး အဲဒီထဲမှာ ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီလည်း ပါဝင်ပါတယ်။
2021-09-12
စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြတဲ့သတင်းတွေ၊ CDM ဝန်ထမ်းတွေရဲ့ အခက်အခဲသတင်းတွေကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ အလွတ်သတင်းထောက် မသူဇာ ဟာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ အဆက်အသွယ်မရတော့ဘူးလို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။
2021-09-10
တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံ တွေက နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုကို စက်တင်ဘာ ၉ ရက် မနေ့က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံရေး ပါတီတွေဖြစ်တဲ့ NLD၊ USDP၊ ANP နဲ့ လီဆူးအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပါတယ်။
2021-09-10
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စက်တင်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခပေါင်း ၄၄၃ ကြိမ်အထိရှိခဲ့ပါတယ်။
2021-09-09
တချိန်က ပြည်သူနဲ့ တသားတည်းရှိခဲ့တဲ့ စစ်တပ်ကို ပြည်သူက ခုခံတွန်းလှန်မယ့် အနေအထားရောက်သွားပါတယ်။ ဆွေးနွေးတဲ့နည်း၊ စေ့စပ်တဲ့နည်းနဲ့ ဖြေရှင်းရမယ့် အစား အရင်းအနှီးကြီးလှတဲ့ ဒီလို ခုခံတွန်းလှန်ရေး လမ်းကြောင်းပေါ်ရောက်သွား တာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2021-09-09
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အသက် မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်မှတ်ထားခံနေရတဲ့အတွက် လွတ်မြောက်နယ်တွေကို ထွက်ပြေးခိုလှုံပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွား ကြတာတွေရှိနေသလို ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
2021-09-09
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ရပ်နေပေမယ့် စစ်တပ်ဘက်က အင်အားတိုးချနေတာတွေ ရှိနေသလို လက်နက်ကိုင် နှစ်ဖွဲ့ကြားမှာလည်း အားပြိုင်မှုတွေ ပိုများလာနေတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေ ကြပါတယ်။
2021-09-09
မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်ရေးအတွက် အိမ်နီးချင်း တရုတ်နဲ့ အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုတွေ ဟာ မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့သလို ထပ်မံကူညီဖို့လည်း နောက်ကျခဲ့ပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက် ပြဝေဖန်လိုက်ပါတယ်။
2021-09-08
အမျိုးသားညီညွတ်ရေးအစိုးရက အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်စစ် စတင်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ကြိုဆိုမှုတွေရှိသလို စိုးရိမ်မှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ တော်လှန်ရေး အရှိန်ပိုမိုမြင့်မားလာတော့မယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေလည်းရှိပါတယ်။
2021-09-08
မြန်မာ့နိုင်ငံရေး နဲ့ စီးပွားရေး မျက်နှာစာတွေမှာ စစ်တပ် ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ ပါဝင်ပတ်သက်နေကြပြီး၊ စစ်တပ် ထောက်ပံ့ရေးဆိုင်ရာ ကဏ္ဍတွေကို ချုပ်ကိုင်ထားကြပါတယ်။
2021-09-08
အမျိုးသားညီညွတ်ရေးအစိုးရ NUG က လူထုတော်လှန်ရေး စတင်ပြီလို့ ကြေညာ လိုက်တဲ့အချိန်မှာပဲ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည်သူအများစုဟာ ကျေးလက် နဲ့ မြို့ပြအနှံ့ တိုက်ပွဲတွေဖြစ်လာခဲ့ရင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ RFA ကို ပြောကြပါတယ်။ ပြည်သူအချို့ကတော့ နိုင်ငံတစ်ဝန်း စစ်ဖြစ်လာပြီး ကုန်စျေးနှုန်းတွေ ပိုတက်လာမှာ၊ လုံခြုံရေး ပိုခက်ခဲလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
2021-09-07
အာဏာသိမ်း စစ်ကောင်စီကို အင်အားသုံး တိုက်ခိုက်ကြဖို့ တိုက်တွန်းချက် ပေါ် ထွက်လာတာကြောင့် မြန်မာနိုင်ငံအရေးမှာ ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံက ကြိုးပမ်းရာမှာ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ထည့် စဉ်းစားဖို့ လိုအပ်နေတာကို ပြသနေတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
2021-09-07
အာဏာကို အဓမ္မရယူထားတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး အပြီးတိုင်ဖျက်သိမ်းရေး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံးကို တိုက်တွန်းလိုက်ပါတယ်။
2021-09-06
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ခိုက်နေသူတွေ အားလုံး ၄ လ အပစ်အခတ်ရပ်စဲကြဖို့ အာဆီယံ အထူးကိုယ်စားလှယ် အာရီဝန်ယူဆွတ်က အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ကို စစ်ကောင်စီဘက်က လက်ခံနိုင်မလား ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် တင်ပြထားပါတယ်။
2021-09-04
ကယား ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ်က ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်တွေနဲ့ KNDF တို့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်နေပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးတွေ ရှိခဲ့သလို ဒေသခံတချို့လည်း ဘေးလွတ်ရာ ကို ထွက်ပြေးနေကြရပါတယ်။